25 C
Yangon

ကရင်နီ ပြည်သူ့ကာကွယ်ရေး အဖွဲ့များနှင့် လိုက်ပါမည့် ဆေးတပ်သား ၈၅ ဦး ရှေ့တန်းအထူးသင်တန်းပြီးမြောက်၊ ရှေ့တန်းသို့ လိုက်ရန် အသင့်ရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

ကရင်နီပြည်နယ်ထဲမှ ပြည့်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များ တိုက်ပွဲအတွင်း ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ထိရောက်သည့် ကုသမှုပေးနိုင်ရန် လေ့ကျင့်ပေးသည့် Dove KK မှ ဦးစီးဖွင့်လှစ်သည့် အရေးပေါ်ကယ်ဆယ်ရေးနှင့် ဆေးတပ်သားအထူးမွမ်းမံသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းပြီးမြောက်ခဲ့သည့် ရှေ့တန်းအထူး ဆေးတပ်သားများသည် ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သည့် KNDF Bo- 1,2,4,5,7,8,9 , ဒီမောဆို PDF တပ်ရင်း A, B,C,D,E,F,H,I,J ၊ ဖယ်ခုံ PDF ခွဲ (၁) နယ်ခြားစောင့်တပ်, ဖယ်ခုံ ဆေးအဖွဲ့, JPDF, GZ-21 loikaw , NTDF, ဒီမောဆို medic unit, Volunteers Army , Inly PDF , SSRY စသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များတို့မှ ဖြစ်ကြပြီး အထူးဆေးတပ်သားပေါင်း ၈၅ ဦး သင်တန်းပြီးဆုံးခဲ့ကြောင်း Dove KK အဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ သင်တန်းကို တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်များ သွေးလွန်၍ အထိအခိုက်ကျဆုံးမှုများ မဖြစ်စေရန်၊ အရေးပေါ်ကယ်ဆယ်မှုများ ပြုလုပ်နိုင်ရန်၊ ရှေ့တန်းအထူးဆေးတပ်သားများအဖြစ် မွေးထုတ်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ရှေ့တန်း အထူးဆေးတပ်သားသင်တန်း ဆင်းပွဲတွင် အမျိုးသား ညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Drဇော်ဝေစိုး မှသင်တန်းဆင်း မိန့်ခွန်းပေးပို့ခဲ့ပြီး သင်တန်းပြီးဆုံးခဲ့သည့် ဆေးတပ်သားများမှာ လက်ရှိအချိန်တွင် ရှေ့တန်းသို့ လိုက်ပါရန် အသင့်အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း Dove KK က သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article