24.8 C
Yangon

စစ်တိုက်လေယာဉ်ပျက်ကျသေဆုံးသူမှာ ဗိုလ်ကြီးဟိန်းထက်အောင်ဖြစ်ပြီး ပြည်သူကို သတ်ဖြတ်နေသော လေတပ်ပိုင်းလော့ စာရင်းတွင် နာမည်ပေါက်ပါဝင်၊ မင်္ဂလာဆောင်ပြီး လပိုင်းအကြာ သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရေမျက်ကြီးအင်းတွင် ယနေ့ နံနက်ပိုင်း ပျက်ကျသွားသော စစ်တိုက်လေယာဉ်မှူးမှာ လေ-၃၅၈၆ ဗိုလ်ကြီးဟိန်းထက်အောင် ဗိုလ်သင်တန်းအပတ်စဉ် ၅၁ ဖြစ်ပြီး ၎င်းသည် Operation Spitfire က ထုတ်ပြန်ထားသည့် ပြည်သူကို သတ်ဖြတ်နေသော စာရင်းတွင် အမည်ပေါက်ပါဝင်သူဖြစ်သည်။

ဗိုလ်ကြီးဟိန်းထက်အောင်သည် တံတားဦးလေတပ်စခန်းမှဖြစ်ပြီး လွန်ခဲ့သော လပိုင်းကမှ မင်္ဂလာဆောင်ထားသူဖြစ်ကြောင်း သိရှိရသည်။

“သူ့ကို တပ်ထဲမှာ ဂျာကြီး လို့ပဲခေါ်ကြတာ။ သူက မင်္ဂလာဆောင်ထားတာမကြာသေးဘူး။ ကလေးမရှိသေးဘူး ” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြည်သူများကို ဗုံးကျဲတိုက်ခိုက်နေသော လေတပ်မှ အရာရှိစာရင်းများကို ထုတ်ပြန်လျက်ရှိရာတွင် ဗိုလ်ကြီးဟိန်းထက်အောင်သည် ဇန်နဝါရီလ ၆ ရက်နေ့ ထုတ်ပြန်ခဲ့သော ပိုင်းလော့စာရင်းတွင် အမည်ပေါက် ပါဝင်သူဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article