25 C
Yangon

ဒီပဲယင်း မြို့နယ်ရှိ ကျေးရွာ ၂ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အတွင်းရှိ ယင်းတွေနှင့် ဝပါသပြေသာ ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ယင်းတွေကျေးရွာသို့ ဝင်ရာက် စီးနင်း ခဲ့ပြီးနောက် ဝပါသပြေသာ ကျေးရွာကို ဆက်တိုက် စီးနင်းခဲ့ကာ ကျေးရွာအတွင်း သေနတ်များ ဆက်တိုက် ပစ်ဖောက်ခဲ့ပြီး စစ်တပ် သတင်းပေး ဒလန်တချို့လည်း စစ်ကောင်စီ တပ်ဖွဲ့များနှင့် အတူ လိုက်ပါလာသည်ကို ဒေသခံပြည်သူများက တွေ့မြင်ခဲ့ကြောင်း သိရသည်။

” ယင်းတွေ ကျေးရွာနဲ့ ဝပါ သပြေသာကျေးရွာကို ဝင်ရောက်တာပါ။ ယင်းတွေ ကျေးရွာအတွင်းမှာရှိ ကောက်ရိုးပုံတွေ အကုန်နီးပါး မီးရှို့ခဲ့တယ်။ တစ်ရွာလုံးနီးပါလည်း ဘာမှရစရာမရှိအောင် အကုန်မွှေထားတယ်။ ရွာသူရွာသားတွေလည်း အကုန်လုံးနီးပါး ထွက်ပြေးနေရတယ်” ဟု Voice Of Depeyin အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ယင်းတွေကျေးရွာ အတွင်းက ရွာလုံးကျွတ်နီးပါး ပြည်သူပိုင် နေအိမ်များရှိ ပစ္စည်းများနှင့် ကောက်ရိုးပုံများပါ မကျန် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo – Voice Of Depeyin

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article