ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်ရှေ့တွင်ပြည်ပရောက်မြန်မာတိုင်းရင်းသားများ၏ ၂ငါးလုံးတနှစ်ပြည့်အဖြစ် ဖက်ဆစ်မင်းအောင်လှိုင်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြကြသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့(မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၀ ရက်နေ့) မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ယူအန်ရုံးချုပ်အရှေ့တွင် စုရုံးပြီး တနှစ်တာကာလအတွင်း ကြွေလွင့်သွားခဲ့ရသည့် တော်လှန်ရေးကြယ်ပွင့်လေးတွေကို အမှတ်ရကြရင်း တနှစ်ပတ်လုံးစိုးရိမ်နေသည့် ယူအန်ကို နောက်ထပ်ဘယ်နှယောက်များ ပေးဆပ်ကြရဦးမှာလဲဆိုသည်ကို မေးခွန်းထုတ်ကြသည်။