35 C
Yangon

လောင်းလုံးမြို့နယ်တွင် “စစ်ကော်မရှင်ရဲ့ အတုအယောင်အစိုးရအဖွဲ့ အလိုမရှိ” စာတန်း ကိုင်ဆောင်၍ ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ မတ် ၂၃

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် “စစ်ကော်မရှင်ရဲ့ အတုအယောင်အစိုးရအဖွဲ့ အလိုမရှိ” စာတန်း ကိုင်ဆောင်၍ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယနေ့ မတ်လ ၂၃ ရက်နေ့ ညနေပိုင်းတွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) က လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ လှုပ်ရှားမှုသည် အာဏာသိမ်း စစ်တပ်၏ စစ်ကော်မရှင်အသွင်ပြောင်း အတုအယောင်အစိုးရအဖွဲ့ကို ဆန့်ကျင်သပိတ်မှောက်တဲ့အနေဖြင့် “စစ်ကော်မရှင်ရဲ့ အတုအယောင်အစိုးရအဖွဲ့ အလိုမရှိ” ဆိုသော ခေါင်းစဥ်ဖြင့် ချီတက် လှုပ်ရှားပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်သူလူထုအနေဖြင့်လည်း အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် ဦးဆောင်ဖွဲ့စည်းမည့် အတုအယောင်အစိုးကို နိုင်ငံရေးအရ ပြင်းပြင်းထန်ထန် ဆန့်ကျင်အန်တုကြရန် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) က တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article