ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
“ပြန်လည်စုရုံး ၂ ခြောက်လုံး” ၂၂.၂.၂၀၂၂ ရက်နေ့ စည်းကားသပိတ်တွင် ကျောင်းသား၊ အလုပ်သမားများနှင့် ပြည်သူများ အားလုံးပါ၀င်ပြီး တော်လှန်ရေးကို အရှိန်မြှင့်ရန် Labour Allianceအဖွဲ့၀င် အလုပ်သမားများက ယနေ့ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ဓာတ်ပုံကမ်ပိန်း ပြုလုပ်ကာ လှုံ့ဆော်ခဲ့ကြသည်။
၂၂.၂.၂၀၂၂ ရက်နေ့ စည်ကားသပိတ်တွင် –
(၁) ဦးထုပ်/ခမောက် စတာတွေ ဆောင်းပြီး သွားလာကြမယ်။
(၂) မျက်နှာမှာ သနပ်ခါး ပါးကွက်ကြားလေးတွေ လိမ်းထားကြမယ်။
(၃) လက်ထဲမှာ ပန်းစည်း ပန်းပွင့် ပန်းတမျိုးမျိုးကို ကိုင်ထားကြမယ် (ဒါမှမဟုတ် ပန်းပွင့်တွေကို ကြွေးကြော်သံတခုခုရေးထားတဲ့ စာရွက်တွေနဲ့အတူ ကြဲချကြမယ်)။
(၄) ကိုယ်ရောက်တဲ့နေရာရဲ့ လုံခြုံရေး အခြေအနေပေါ် မူတည်ပြီး လက်၃ချောင်းထောင်တာ ကြွေးကြော်သံ အော်တာတွေလုပ်ကြမယ်။
(၅) ည ၈နာရီမှာ သံပုံးတွေတီးကြမယ် … စသည်ဖြင့် အများပြည်သူအပေါင်း ပါဝင်နိုင်ကြမည် ဖြစ်သည်။





