26 C
Yangon

ရန်ကုန်တွင် တောင်ဒဂုံရဲစခန်း၊ ကမ္ဘောဇဘဏ်၊ မြောက်ဒဂုံတို့တွင် ပစ်ခတ်တိုက်ခိုက်မှုနှင့်ပေါက်ကွဲမှုများဖြစ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်း၊ တောင်ဒဂုံရဲစခန်း၊ ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်းမရှိ ကမ္ဘောဇဘဏ်ဘဏ်နှင့် မြောက်ဒဂုံ ၄၉ ရပ်ကွက်တို့တွင် ယနေ့ ပေါက်ကွဲမှုနှင့်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားကြောင်း ဒေသကာကွယ်ရေးတပ်များနှင့်ဒေသခံများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၁၈ မိနစ်အချိန် ACPLF -အဖွဲ့က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၂ လမ်းမကြီးပေါ်ရှိ တောင်/ မြောက်လမ်းဆုံရဲစခန်းကို M79 ဗုံးပစ်လောက်ချာဖြင့် ဗုံးသီး၂လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုဖြစ်ပြီးရဲစခန်းအတွင်းအော်ဟစ်သံများနှင့်ရုတ်ရုတ်သဲသဲအခြေအနေကိုသာကြားသိခဲ့ရပြီး ထိခိုက်မှုအခြေအနေအသေးစိတ် မသိရှိရသေးကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ ယနေ့ ညနေ ၄ နာရီအချိန် ကမာရွတ်မြိုနယ်၊ ဘုရင့်နောင်လမ်း၊ ရွှေသရဖီရိပ်မွန်ရှိ ကမ္ဘောဇဘဏ်တွင် ချိန်ကိုက်ဗုံးပေါက်ကွဲကြောင်း ၊ပေါက်ကွဲမှုမှာ ဘဏ်ရှေ့ ATM ငွေထုတ်စက်အနီး ပေါက်ကွဲခြင်းဖြစ်ပြီး ATM စက် ပျက်စီးသွားကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ညနေ ၅ နာရီဝန်းကျင် ဒဂုံမြိုသစ်မြောက်ပိုင်းမြိုနယ်၊၄၉ရပ်ကွက်တွင် လက်လုပ်မိုင်းပေါက်ကွဲ မှုဖြစ်ပွားခြင်းဖြစ်ပြီး အဝေးထိန်းမိုင်းဖြစ်ကြောင်းလေူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားသော KBZ Bank ရန်ကုန်ရွှေသရဖီရိပ်မွန်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article