26 C
Yangon

လောင်းလုံး သဗျာရွာရှိ အအေးဆိုင်တစ်ခုတွင် မွေးနေ့ပွဲပြုလုပ်နေသည့် လူငယ် ၂၄ ဦးကို စစ်တပ်က အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာရှိ မိုးမိုး 3D အအေးဆိုင်တွင် ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁နာရီခန့်တွင် မွေးနေ့ပွဲ ပြုလုပ်နေသည့် လူငယ် ၂၄ဦးကို စစ်တပ်က အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသူများသည် အသက် ၁၈နှစ်အရွယ် လူငယ်များဖြစ်ပြပြ ယောက်ကျားလေး (၁၅)ဦးနှင့် မိန်းကလေး(၉)ဦး စုစုပေါင်း ၂၄ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက အင်အား အလုံးအရင်းဖြင့် ဝင်ရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရသည်။

” သူတို့ ဆိုင်ထဲဝင်တုန်းမှာ စရဖ ကားနဲ့ ရဲပွိုင့်ကားတွေ အရင်ရောက် လာတယ်။ နောက်တော့ အချုပ်ကား(၁)စီး ထပ်ရောက်လာပြီး အားလုံးကို ရိုက်နှက် ဖမ်းဆီးသွားတယ်။ ကလေးတွေ အကုန်လုံးက အသက် ၁၉၊ ၁၈ အရွယ် လူငယ်လေးတွေကြီးပဲ ကျေးရွာအတွင်းမှာ လူစုလူဝေး ပြုလုပ်နေတယ်ဆိုပြီး အကြောင်းမဲ့ ရိုက်နှက်ဖမ်းသွားတာ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ လူငယ်များကို လက်ရှိချိန်တွင် လောင်းလုံးမြို့မ ရဲစခန်း၌ ဖမ်းဆီး စစ်ဆေးလျက်ရှိပြီး မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရသေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article