ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ တပ်ကြပ်ဇော်မိုး ယနေ့ အသတ်ခံရကြောင်း ပေါင်း တည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PPDFက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ ညနေ ၅ နာရီ ၃၀ မိနစ် အချိန်ခန့် ဝက်ပုတ် မြို့ အလွန် သစ်ချိုဘုန်းကြီးကျောင်းအနီးတွင် ပေါင်းတည်မြို့မှ ပြန်လာသော တပ်မ ၆၆ ၊ ဆက်သွယ်ရေးဌာနမှ တပ်ကြပ် ဇော်မိုးကို ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PPDFက သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေ ဆုံးသွားကြောင်း သိရှိရသည်။
အလားတူ ၊ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ အခြေစိုက် ခြေလျှင်တပ်ရင်း ခလရ ၅၃၀ မှ တပ်သားတချို့လည်း ယမန်နေ့ညပိုင်းတွင် လက်နက် အပြည့် အစုံဖြင့် ထွက်ပြေးမှုရှိကြောင်း ၊ စစ်ကောင်စီတပ်က တောနင်း ရှာဖွေ လျက်ရှိကြောင်း သိရှိရသည်။