25 C
Yangon

မင်းအောင်လှိုင်က သူ့မိန်းမကြူကြူလှကို အနစ်နာခံသူ ဆရာမဟု စစ် ကောင် စီ အစည်းအဝေးမှာ အမွှန်းတင်ချီးမွမ်းခန်းဖွင့်၊ ဧည့်ပရိသတ်မပါတဲ့ ဗိုလ်ရှု သ ဘင် အောင်မြင်တယ်လို့ဆိုပြီး မင်းအောင်လှိုင် ပျော်နေ၊ Online ပုံမှန် သုံး နေ တယ်လို့ဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

အကြမ်းဖက် စစ်ကောင်စီရဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီ ကျင်းပ ပြုလုပ်ခဲ့တဲ့ အလွတ်သဘော အစည်းအဝေးမှာ သူ့ မိန်းမ ကြူကြူလှကို အနစ် နာခံသူ ဆရာမလို့ အမွှန်းတင် ချီးမွမ်း ခန်း ဖွင့်ခဲ့ တယ်လို့ စစ်ကောင်စီ အဖွဲ့ဝင် ကောင်စီဝင်တစ်ဦးက ရန်ကုန် ခေတ် သစ် သတင်း ဌာနသို့ ပြောဆိုပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ ဗိုလ်ရှုခံ အခမ်းအနားပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီမှာ စစ်ကောင်စီရုံးအစည်းအဝေးမှာ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ စစ် ကောင်စီအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပြီး ကောင်စီဝင် ရာပြည့်နဲ့ ရဲဝင်းဦး ကတော့ ခရီးလွန်နေလို့ မတက်ရောက်နိုင်ခဲ့ပါဘူး။

ဒါ့အပြင် မင်းအောင်လှိုင် ပူပူနွေနွေးခန့်ထားတဲ့ ရန်ကုန် တိုင်းဝန်ကြီးချုပ် ခန့် ထားတဲ့ စိုးသိန်းလည်း ကျန်းမာရေး မကောင်းလို့ မတက်ရောက်နိုင်ခဲ့ပါဘူး။

အစည်းအဝေးအဖွင့်မှာ မင်းအောင်လှိုင်က ဗိုလ်ရှုသဘင်အောင်မြင်လို့ဆိုပြီး ပျော်ရွှင် မြူးတူးနေတယ်လို့ စစ်ကောင်စီ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“၁၂ ရက်နေ့ ဗိုလ်ရှုသဘင်ပွဲ အောင်မြင်တာကို သူအရမ်းပျော်နေတာ။ ဝင်လာ တဲ့ သူတွေလည်း အစည်း အဝေးခန်းထဲကို တရင်းတနှီးလိုက်နှုတ်ဆက်တယ်။ ပျော် နေတာ။ သူ့ကို ၀ိုင်းပြီး ဝေဖန်ကြတယ်ပေါ့။ ဒီပွဲအောင်မြင်မှာ မဟုတ် ဘူး ပြောတယ်ပေါ့။ ဒါကို သူအောင်မြင်အောင်လုပ်နိုင်တယ်။ ဒီပွဲအောင်မြင်လို့ တိုင်း ပြည်ကံကြမ္မာကောင်းလာပြီလို့ သူယုံကြည်တယ်ဆိုတာ ထည့်ပြောတယ်။ ဒီပွဲကြီးက ခမ်းနားတယ်။ သမိုင်းမှတ်ကျောက်လည်း တင်သွားပြီ ပြောတယ်။ ဧည့်ပရိသတ်မပါဘဲ ဝန်ထမ်း ၁၀၄၀၈ ဦးနဲ့ အရမ်းခမ်းနားကြီးကျယ်တယ်ပေါ့။ စမြုံ ပြန်တာပေါ့” ဟု ကောင်စီဝင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် သူ့မိန်းမ ကြူကြူလှ ဆရာမကိုလည်း အနစ်နာခံတတ်သူ ဆရာမ အဖြစ် မင်းအောင်လှိုင်ကအစည်း အဝေးမှာ ချီးကျူးသွားတယ်လို့ သိရပါတယ်။

မင်းအောင်လှိုင်က ဇနီးကို ချီးမွန်းခန်းဖွင့်ရာမှာ သူ့ဇနီးကြူကြူလှက ကျောင်း ဆရာမ ဖြစ်ကြောင်း၊ ဆရာဆိုတာ ဝါသနာ၊ စေတနာ၊ အနစ်နာ နာ ၃ နာ အလုပ် လုပ်သူဖြစ်ကြောင်း၊ ကြူကြူလှဟာ စာသင်တာ ဝါ သနာပါသူဖြစ်ပြီး မဟာဘွဲ့တန်း တက်ကတည်းက အချိန်ပိုင်း နည်းပြ အဖြစ် လုပ်သား ကော လိပ်မှာ ကျောင်း ဆရာမ လုပ်ခဲ့ကြောင်း၊ သူ တပ်ရင်းမှူးဖြစ်ချိန်မှာ အလုပ် ထွက်ခိုင်းလိုက်လို့ သူ့ကို အလေးထား၍ အလုပ်ထွက်တာဖြစ်ကြောင်း၊ ကြူကြူ လှက အလုပ်မထွက်ချင်ဘူးလို့ တဖွဖွ ပြောကြောင်း၊ အခုဆိုရင် ကြူကြလှ တပည့်တွေ ပါမောက္ခချုပ်တွေပင် ဖြစ်နေပြီဖြစ်ကြောင်း၊ ကြူကြူလှကဲ့သို့ သော ဆရာများဟာ အနစ်နာခံ လုပ်ခဲ့သူများဖြစ်တာကို ပြောချင်ကြောင်း မင်း အောင်လှိုင်က ပြောဆိုသွားခဲ့ပါတယ်။

မင်းအောင်လှိုင်က သူ့အနေနဲ့ ပုံမှန် Online သုံးကြောင်း၊ မြိုင်မြို့မှ ကျောင်း ဆရာမ တစ်ဦး အသတ်ခံရတဲ့ သတင်းကို သူ၏ အသိမိတ်ဆွေက အွန်လိုင်းမှ ပေးပို့လာကြောင်း၊ သတင်းမှန်၊ မမှန် မသိပေမယ့် စိတ်မကောင်းဖြစ်ရကြောင်း၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်း အဲဒီသတင်းကို ဖတ်ပြီး စိတ်မ ကောင်း ဖြစ်ရကြောင်း ထည့် သွင်းပြောဆိုသွားခဲ့ပါတယ်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်နဲ့ မိန်းမ ကြူကြူလှ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article