29 C
Yangon

စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ၏ ရွှေဖီဦး အသင့်ဖျော်လက်ဖက်ရည် ထုတ်စက်ရုံ လိုင်းခန်း မီးရှို့တိုက်ခိုက်ခံရ၊ အလုံ၊ သာကေတနှင့် တောင်ဒဂုံတို့တွင် ဗုံးကွဲ

Must read

ရန်ကုန်၊ ဖေဖာ်ဝါရီ ၂၄

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ်ပိုင် ရွှေဖီဦး အသင့်ဖျော် လက် ဖက် ရည် စက်ရုံ လိုင်းခန်းကို ယနေ့ည ၇ နာရီခွဲတွင် မီးရှို့တိုက်ခိုက်ခဲ့ကြောင်း သိရှိရ သည်။

စစ်တပ်ပိုင်ရွှေဖီဦး အသင့်ဖျော်လက်ဖက်ရည် စက်ရုံဝန်ထမ်းအိမ်ရာနှင့် နို့ချက် စက်ရုံဝန်ထမ်းအိမ်ရာတို့ကို အမည်မဖော်လိုသော တော်လှန်ရေးအဖွဲ့က မီးရှို့ တိုက်ခိုက်ရာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ည ၇ နာရီ ၃၅ မိနစ်တွင် မီးစတင် လောင်ကျွမ်းပြီး ည ၈ နာရီဝန်းကျင်တွင် မီးငြိမ်းသွားကြောင်း သိရှိရသည်။

အလားတူ သာကေတမြို့နယ်တွင် ယနေ့ည ၉ နာရီခွဲအချိန်တွင် ဗုံးကွဲမှုတစ်ရပ် ဖြစ်ပွားပြီး ကျယ်လောင် သော အသံကို ဒေသခံများ ကြားရကြောင်း သာကေတ ပြည်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူ အလုံမြိုနယ်တွင်လည်း ယနေ့ည ၉ နာရီခွဲအချိန် ဗုံးပေါက်ကွဲ ကြောင်း သိရှိရသည်။

ထို့ပြင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၆၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တွင် လည်း ယနေ့ ညနေ ည ၆ နာရီခွဲတွင် ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article