24.8 C
Yangon

ဒီပဲယင်း ဂွေးပင်ကုန်း ကျေးရွာသား ၁ဦးကို စစ်ကောင်စီ တပ်ဖွဲ့များက အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ဒီပဲယင်းမြို့နယ် ဂွေးပင်ကုန်းကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကျေးရွာအတွင်းရှိ ပြည်သူ ၁၅ဦးကို အကြောင်းမဲ့ ဝင်ရောက် ဖမ်းဆီးခဲ့ပြီးနောက် ကျေးရွာသား ၃ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားကာ ၁ဦးကို သတ်ဖြတ်ခဲ့ကြောင်း Voice Of Depeyin အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ဒီပဲယင်းမြိူ့နယ် စိုင်ပြင်မြို့မှ လာရောက်ခြင်းဖြစ်ပြီး အင်အား ၃ဝခန့်ပါဝင်ကာ ဂွေးပင်ကုန်း ကျေးရွာအတွင်း နေအိမ်အချို့ကို ဖျက်ဆီးခဲ့ကာ စပါးအိတ်များနှင့် ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

” ကျေးရွာ ဒေသခံ ၁၅ ဦးကို သူတို့က ရွာထဲကို ဝင်စီးပြီး အရင်ဖမ်းဆီးတယ်။ ၃ဦးကိုတော့ လမ်းပြအဖြစ် ခေါ်သွားပြီးတော့ ရွာသား (၃) ဦးကိုတော့ ဖမ်းဆီးသွားတယ်။ စိုင်ပြင်မြို့အတွင်းမှာရှိတဲ့ မီးသတ်ရုံအနီးမှာ ဖမ်းဆီး ခေါ်ဆောင်သွားသူ ၃ဦးထဲက ၁ဦးကို ပစ်သတ်ထားတဲ့ ရုပ်အလောင်း တွေ့ရှိတယ်။ သေဆုံးသူက ဂွေးပင်ကုန်းကျေးရွာသားပဲ အမည်တော့ မသိရသေးဘူး” ဟု Voice Of Depeyin အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article