25 C
Yangon

ရွှေဘို၊ ဂွေးကုန်းကျေးရွာရှိ ပျူစောထီး ၂ ဦးကို ဒေသကာကွယ်ရေးအဖွဲ့က ရှင်းလင်း၊ ဂွေးကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရပြီး ၃၅ ဦးထက်မနည်း သေဆုံးနိုင်

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အရှေ့ခြမ်း ဂွေးကုန်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးတို့ ၂ ဦးကို ဒေသကာကွယ်ရေးအဖွဲ့များက ယမန်နေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်တွင် ရှင်းလင်းခဲ့ပြီး သေနတ် ၂ လက် သိမ်းဆည်းရမိကြောင်း ရွှေဘို ယမ်းဘီလူး အဖွဲ့က သတင်းထုတ်ပြန်သည်။

ဂွေးကုန်းကျေးရွာရှိ စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦးနှင့် ပျူစောထီး ဦးမြင့်သန်းတို့ကို ရွှေဘို ယမ်းဘီလူးအဖွဲ့၊ Shwe Bo Defense Force၊ Ghost Rider၊ BRRMESE DRAGON FORCE ပူးပေါင်းအဖွဲ့က ရှင်းလင်းခဲ့ပြီး ၎င်းတို့ကိုင်ဆောင်ထားသော ကာဘိုင်သေနတ် ၁ လက်နှင့် ရှော့ဂန်း ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ယနေ့ ဖေဖေါ်ဝါရီလ ၂၅ ရက် နံနက် ၁၁ နာရီခန့်တွင် ဂွေးကုန်းရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၊ ပျူစောထီးပူးပေါင်းအဖွဲ့ကို ဖေဖေါ်ဝါရီလ ၂၅ ရက် ယနေ့ နံနက် ၁၁ နာရီခန့်တွင် နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် GHOST RIDER STF (Mdy) အဖွဲ့က မိုင်း ၉ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃၅ ဦး ထက်မနည်းသေဆုံးနိုင်ကြောင်းနှင့် စစ်ကား ၁ စီး မီးလောင်ပျက်စီးသွားကြောင်း နတ်တောင်နဂါးအဖွဲ့ထံမှ သိရှိရသည်။

“မနေ့က ကျ‌နော်တို့ မဟာမိတ်အဖွဲ့တွေက ပျူတွေကို ရှင်းလိုက်တယ်၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျန်တဲ့ပျူတွေက စစ်တပ်ကို ခေါ်လိုက်တာလို့ ထင်တယ်” ဟု နတ်တောင်နဂါးအဖွဲ့က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာလာစဉ် ရဲဘော် မာယာ သည် စစ်ကောင်စီ ကင်းပုန်းနှင့် ထိပ်တိုက်တွေ့ပြီး ကျဆုံးခဲ့ရကြောင်း နတ်တောင်နဂါးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – စစ်ကောင်စီ လက်ပါးစေ ၂ ဦးကို ရှင်းလင်းပြီးနောက် ရရှိသော သေနတ် ၂ လက်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article