ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
ရန်ကုန်ရှိ လှည်းတန်းဂုံးတံတားပေါ်တွင် Yangon Revolution Force -YRF မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသည့် ရန်ကုန်မြို့မှ အာဇာနည် လေးဦးဖြစ်သည့် မောင်ဇင်လင်းထက် (၂၀ နှစ် )၊ ဒေါ်တင်နွဲ့ရီ ( ၅၉ နှစ် )၊ ကိုဟိန်းထွဋ်အောင် ( ၂၃ နှစ် )၊ ကိုညီညီအောင်ထက်နိုင် ( ၂၃ နှစ် ) တို့၏ ရုပ်ပုံအပါအဝင် “ကျဆုံးသူများအတွက် သွေးကြွေး, ကျန်ရစ်သူများက သွေးမအေးကြေး”စာသားပါ ဘန်နာကို ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ကျဆုံးအာဇာနည်များ တစ်နှစ်ပြည့် အထိမ်းအမှတ်ချိတ်ဆွဲကာ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့သည်။




