27 C
Yangon

လေတပ်မှ ဗိုလ်ကြီးမုတ်သုံနှင့် တပ်သား သီဟနိုင် တို့ CDM ပြုလုပ်ကာ ပြည်သူနှင့်ပူးပေါင်း၊ တပ်မတော် (လေ) မှ CDM ပြုလုပ်လာသူ ၁၀၀ ကျော် ရှိလာ

Must read

ရန်ကုန်၊ မတ် ၃

အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်ချင်၍ CDM ပြုလုပ်ကာ ပြည်သူနှင့် ပူးပေါင်းလာသည့် လေတပ်မှ တပ်မတော်သား အရေအတွက် ၁၀၀ ကျော် ရှိပြီဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့ထံမှ သိရှိရသည်။

ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင်ဗိုလ်ကြီးမုတ်သုံ၊ ဖေဖေါ်ဝါရီလ ၂၄ ရက်တွင် လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းမှ တပ်သား သီဟနိုင်သည် MA3 သေနတ် ၂ လက်နှင့်အတူ CDM ပြုလုပ်ကာ ပြည်သူ့နှင့်အတူပူးပေါင်းလာကြောင်း၊ လက်ရှိတွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိပြီဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ဆိုသည်။

ဗိုလ်ကြီးမုတ်သုံသည် ပြည်သူ့ဘက်သို့ ကူးပြောင်းလာသည့် တပ်မတော် (လေ)မှ ဒုတိယမြောက် အရာရှိဖြစ်ပြီး မကြာခင် ပြည်သူနှင့် မိတ်ဆက်ပေးသွားမည်ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူများအပေါ် လေကြောင်းမှတဆင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုများကို သည်းမခံနိုင်တော့၍ တပ်မတော် (လေ) မှ ဗိုလ်ကြီးဇေသူအောင်၊ ဗိုလ်ကြီးမုတ်သုံ၊ တပ်ကြပ်များနှင့် လေကြောင်းစက်ပစ် တပ်သားများအပါအဝင် စုစုပေါင်း ၁၀၀ ကျော်သည် CDM ပြုလုပ်ကာ ပြည်သူ့ဘက်က ရပ်တည်လာခဲ့ပြီးဖြစ်သည်။

အလားတူ ၂၀၂၁ ခုနှစ် ဧပြီလကတည်းက CDM ပြုလုပ်ပြီး ပြည်သူ့ဘက်မှ ရပ်တည်ခဲ့ကာ ပုန်းအောင်းနေခဲ့ရသည့် တပ်ကြပ်ကြီးနောင်ရိုးကိုလည်း လွတ်မြောက်နယ်မြေတခုသို့ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article