ရန်ကုန်၊ မတ် ၃
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်အတွင်းသို့ ကျူးကျော်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့် ရိက္ခာတင်ကားများ၊ လမ်းဖောက်လုပ်သည့် ကားအစီးရေ ၂၀ ကျော်ခန့်ကို KNLA နှင့် KNDO တပ်ဖွဲ့များက တိုက်ခိုက်ဖျက်ဆီးလိုက်ကြောင်း ကရင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ယခု ဗီဒီယိုမှတ်တမ်းသည် KNLA/KNDO တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်လို့ တရက်အတွင်း စစ်ကား ၆ စီး ပျက်စီးခဲ့သည်ဟု ဆိုထားပြီး တိုက်ခိုက်ခဲ့သည့် နေရာနှင့် အချိန်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
KNU တပ်မဟာ ၅ မှ ပဒိုမန်မန်းကလည်း တိုက်ခိုက်သည့် ဖြစ်စဉ်များကို တိတိကျကျ မသိရှိရသေးကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီယာဉ်များကို တိုက်ခိုက်သည့်ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံးက တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။