31 C
Yangon

အကြမ်းဖက်စစ်ကောင်စီက အမြှောက်ကား ၂ စီး၊ တပ်သား ၃၀၀ ကျော်ဖြင့် ဒီးမော့ဆိုမြို့ဘက်သို့ ထိုးစစ်ဆင်

Must read

ရန်ကုန်၊ မတ် ၅

အကြမ်းဖက်စစ်ကောင်စီသည် သံချပ်ကာအမြှောက်ကား ၂ စီး၊ စစ်သည် အင်အား ၃၀၀ ကျော်ဖြင့် ဒီးမော့ဆိုမြို့ဘက်သို့ ယနေ့နံက်တွင် ထိုးစစ်ဆင်နေပြီး လွိုင်ကော်မှလည်း လက်နက်ကြီးပစ်ကူများ အဆက်မပြတ် ပစ်ခတ်နေကြောင်း သတင်းရရှိသည်။

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းပိုင်းမှ သံချပ်ကာ ၂ စီး၊ အင်အား ၃၀၀ ကျော်ပါသော စစ်ကြောင်း ၄ ကြောင်းဖြင့် ယနေ့နံနက် ၆ နာရီမှစတင်ကာ ထိုးစစ်ဆင်လာကြောင်း သိရှိရသည်။

ယမန်နေ့ ၄ ရက်နေ့ ညပိုင်းတွင် ဒီးမော့ဆိုနှင့် ၄ မိုင်ခန့်အကွာရှိ ပူဖားကျေးရွာတွင် တညလုံး ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့သလို ယနေ့နံနက်တွင်လည်း လက်နက်ကြီးပစ်ကူများဖြင့် ထိုးစစ်ဆင်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်ရင်း ၂ က ထုတ်ပြန်ထားသည်။

ပူဖားကျေးရွာတွင် ယမန်နေ့က စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် အနည်းဆုံး ၂ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ယနေ့နံနက်တွင် ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်နှင့် အနီးရှိ ကုန်းသာကျေးရွာသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများရှိကြောင်းလည်း ဒေသခံများထံမှ သိရှိရသည်။

ဓါတ်ပုံ – ကရင်နီတပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article