27 C
Yangon

တန့်ဆည်စစ်ဘေးရှောင်စခန်းကို စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ် ဝင်တိုက်ပြီး စစ်ရှောင်ပြည်သူ ၄ ဦး ဖမ်းဆီးခံရ၊ ဒီပဲယင်းတွင် စစ်တပ်က မီးရှို့သတ် ဖြတ်ခဲ့သော PDF လူငယ် ၈ ဦးအလောင်းဓာတ်ပုံများ ရရှိ

Must read

ရန်ကုန်၊ မတ် ၇

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က မတ်လ ၆ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသကာကွယ်ရေးတပ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မတ်လ၆ရက်နေ့ နံနက်၆နာရီခန့်မှာ တန့်ဆည်မြိုနယ်၊ ကျွန်းလည်ရွာအခြေစိုက်စစ်ကောင်စီတပ်များနှင့် ပျူစောထီးများက မြောက်အင်းရွာအနီးရှိ စစ်ရှောင်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ဝင်ရောက်တိုက်ခိုက်ကြောင်း၊ နံနက်၈ နာရီ ၃၀ မိနစ်အချိန်တွင် တန့်ဆည်PDF တပ်ပေါင်းစုက လက်နက်ကြီးတွေနှင့် ပြန်ပစ်ပြီး တိုက်ပွဲ၁နာရီခန့် ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအပြီးတွင်စစ်တပ်ဘက်မှ အထိအခိုက်များနိုင်ပြီး PDFတပ်ပေါင်းစုဘက်မှ အကျအဆုံးမရှိ ပြန်ဆုတ်နိုင်ခဲ့ကြောင်း၊ ပျူစောထီးအချို၏ ဆိုင်ကယ်များကို သိမ်းယူနိုင်ခဲ့ကြောင်း တန့်ဆည် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စစ်သားတွေနဲ့ ပျူစောထီးတွေက အခု စစ်ဘေးရှောင်စခန်းကိုပါ ဝင်တိုက်နေပြီ။ အဲ့ဒီစစ်ဘေးရှောင်တွေက ‌ပျူစောထီးတွေ ရွာတွေ ဝင်မီးရှို့လို အင်ပင်သာ၊ ရွှေကျင်အစရှိတဲ့ ရွာတွေကနေ ပြောင်းလာခဲ့တဲ့ပြည်သူတွေ ပါ။ ကျွန်းလည်၊ ကဘဲ၊ မူးခွ အစရှိတဲ့ရွာတွေက ပျူစောထီးတွေနှင့် စကစတွေသာ တပ်စွဲထားတယ်” ဟု တန့်ဆည် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းတွင် မတ်လ ၃ ရက်နေ့ ည ၁၁ နာရီအချိန် အင်တာနက်များဖြတ်တောက်ပြီးနောက် ဒီပဲယင်းမြို့နယ် ၊ မင်းဆွေနှစ်ကျေးရွာမှ PDF လူငယ် ၈ ဦးကို စစ်ကောင်စီတပ်များက မတ်လ ၄ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် သတ်ဖြတ်ခဲ့ကြောင်း၊ ယင်းရုပ်အလောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်များက ကောင်းမွန်စွာ သဂြိုလ်ပြီးဖြစ်ကြောင်း၊ အင်တာနက် ဖြတ်တောက်ထားသည့်အတွက် ရက်ရက်စက်စက် သတ်ဖြတ်ခံထားရမှုများကို ပြည်သူသို့ တင်ပြနိုင်ခြင်းမရှိဘဲ အင်တာနက်ရရှိသော နေရာများသို့ ဓာတ်ပုံများ ပေးပို့၍ သတင်းမီဒီယာများမှတစ်ဆင့် တင်ပြပါကြောင်း PDF ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့ ဒီပဲယင်းက ရဲဘော် ၈ ဦးကို စစ်တပ်က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုတွေ မြင်ရတယ်။ ဆိုင်ကယ်တွေကိုပါ မီးရှို့သွားတာပါ” ဟု PDF ရဲဘော်တစ်ဦးက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article