26 C
Yangon

မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများကို ICC တရားရုံးသို့ လွှဲပြောင်းတရားစွဲနိုင်ရေး ကုလသမဂ္ဂက ဆောင်ရွက်ပေးရန် အရပ်ဘက်အဖွဲ့ ၁၁၆ ခုက တောင်းဆို

Must read

ရန်ကုန်၊ မတ် ၈

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အနေဖြင့် မြန်မာနိုင်ငံတွင်းရှိ ဆိုးရှာလှသည့် ရာဇဝတ်မှုများကို တရားစွဲဆိုနိုင်ရေး ICC တရားရုံးသို့ လွှဲပြောင်းနိုင်ရန်အတွက် ဆောင်ရွက်ပေးရန် မြန်မာအရပ်ဘက် လူထုအဖွဲ့အစည်း ၁၁၆ ဖွဲ့က ယမန်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုသည်။

စစ်ကောင်စီက ကျူးလွန်သော ယုတ်မာရက်စက်သောရာဇဝတ်မှုများအတွက် ကုလသမဂ္ဂက အခွင့်အာဏာအပ်နှင်းထားသော တရားစီရင်ရေးကို တည် ထောင်ခြင်းဖြင့် မြန်မာနိုင်ငံအတွက် တရားမျှတမှု ရရှိရေး ဘက်ပေါင်းစုံက ဆောင်ရွက်ရန်၊ မြန်မာ့အရေး အခြေအနေများကို ICC တရားရုံးသို့ ပို့နိုင်ရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရေး အကြံပြုတိုက်တွန်းရန်တို့ ပါဝင်ကြောင်း သိရှိရသည်။

ထို့ပြင် ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံပိုင်နက်အတွင်း ကျူးလွန်ခဲ့သော နိုင်ငံတကာ ရာဇ၀တ်မှုများနှင့်စပ်လျဉ်း၍ ICC တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာကို လက်ခံခြင်းအားဖြင့် ရောမသဘောတူစာချုပ် အပိုဒ် ၁၂(၃) အရ မြန်မာအစိုးရ NUG က တင်သွင်းသော ကြေညာချက်ကို လက်ခံရေး ICC အား တောင်းဆိုရန်၊ ကုလသမဂ္ဂအထွေထွေညီလာခံက ဆက်လက်အတည်ပြုထားသော NUG အစိုးရ၏ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်ရေး ပံ့ပိုးပေးရန်တို့ပါဝင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ICC အဖွဲ့ဝင်နိုင်ငံများ၏ ညီလာခံမြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article