25 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက် ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-မြန်မာနိုင်ငံတစ်ဝန်းမှာ ပြည်သူတွေကို ပစ်မှတ်ထားသတ်ဖြတ်နေကာ လေကြောင်းတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေမှာ စစ်တပ်က လေတပ်အရာရှိအမျိုးသမီးတိုက်လေယာဉ်မှူးတွေကို ရာထူးတိုး၊ ဆုပေးစနစ်နဲ့ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတယ်လို့ လေတပ်သတင်းရင်းမြစ်တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံက ၂၀၂၆ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌတာဝန်ကို လက်ခံယူပြီးနောက် ပထမဆုံး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို လုပ်ခဲ့ပေမယ့်လည်း မြန်မာစစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြု မပြုဆိုတဲ့အပေါ် သဘောတူညီချက် မရရှိဘဲ “အခုအချိန်မှာ အသိ အမှတ်မပြုသေး” ဆိုတဲ့ မတင်မကျဆုံးဖြတ်ချက်နဲ့ပဲ အစည်းအဝေးပြီးဆုံးခဲ့တယ်လို့ The Straits Times သတင်းမှာ ဖော်ပြထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းနယ်မြေရဲစခန်းကို ရှင်းလင်းချေမှုန်းပြီးနောက် KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာပေးလိုက်တယ်လို့ ဖားကန့်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုက်ဂျီးရီးယားမြောက်ပိုင်းမှာ ဆိုင်ကယ်စီးလက်နက်ကိုင်တွေက ရွာစဉ်လှည့်တိုက်ခိုက်မှု လူ ၃၂ ဦးထက်မနည်း သေဆုံးသွားတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article