30 C
Yangon

ကျိုက်ထိုတွင် ကင်းလှည့်နေသော စစ်ကောင်စီကား ပစ်ခတ်ခံရပြီး တိုက်ပွဲဖြစ်၊ အများပြည်သူ ကား ၁ စီးကို စစ်ကောင်စီ ပစ်ခတ်

Must read

ရန်ကုန်၊ မတ် ၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အင်္ဂဘိုကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် Hijet ကားဖြင့် ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့ ယနေ့ မတ်လ ၉ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် ပစ်ခတ်ခံရကာ စစ်သား ထိခိုက်မှုများရှိကြောင်းနှင့် ယင်းနောက် နာရီဝက်ခန့် သေနတ်ပစ်ခတ်သံများ ကြားရကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ကင်းလှည့်စစ်ကား ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီဘက်မှ စစ်ကူအများအပြားရောက်ရှိလာပြီး အနီးဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း၊ မိနစ် ၂၀ ခန့် သေနတ် ပစ်ခတ်သံများ ကြားရကြောင်း သိရှိရသည်။

အဆိုပါ စစ်ကောင်စီ ကင်းလှည့်ယာဉ်ကို မည်သည့်အဖွဲ့က ပစ်ခတ်သွားကြောင်းနှင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုလော စစ်ကောင်စီက တဖက်သတ်ရမ်းသန်းပစ်ခတ်မှုလော ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယင်းနောက် နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်သွားလာနေသော အများပြည်သူပိုင်ကား ၁ စီးလည်း ကျည်ထိမှန်မှုများရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် အဆိုပါ Hijet မော်တော်ယာဉ်ကို အသုံးပြုကာ စစ်ဝတ်စုံဝတ်ဆင်၍သော်လည်းကောင်း၊ အရပ်ဝတ်ဖြင့်လည်းကောင်း သိမ်ဇရပ်၊ မုပ္ပလင်၊ အင်္ဂဘို အနီးဝန်းကျင်သို့ ကင်းလှည့်လေ့ရှိကြောင်း၊ ယနေ့ပစ်ခတ်ခံရသော စစ်ကောင်စီ၏ Hijet ယာဉ်သည် ကျိုက်ထိုတော်လှန်ရေးအင်အားစုထံမှ သိရှိရသည်။

အဆိုပါ ဒေသသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ အုပ်ချုပ်နယ်မြေအတွင်းရှိပြီး KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက မကြာခဏ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ၊ ယာဉ်တန်းများကို တိုက်ခိုက်လေ့ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article