32 C
Yangon

ကျိုက်ထိုတွင် ကင်းလှည့်နေသော စစ်ကောင်စီကား ကို KNLA ပူးပေါင်းအဖွဲ့ တိုက်ခိုက်မှု စစ်သား ၅ ဦး ဒဏ်ရာရ၊ ၂ ဦး ဒဏ်ရာပြင်းထန်

Must read

ရန်ကုန်၊ မတ် ၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အင်္ဂဘိုကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် Hijet ကားဖြင့် ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့ ယနေ့ မတ်လ ၉ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၅ ဦး ဒဏ်ရာရသွားပြီး ၎င်းတို့အနက်မှ ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိသည်။

“KNLA၊ PDF၊ ပကဖ ပူးပေါင်းအဖွဲ့က Hijet နဲ့ ကင်းလှည့်နေတဲ့ စစ်ခွေးတွေကို ပစ်တာ၊ ၅ ယောက် ထိတယ်၊ ၂ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ သိရတယ်” ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ခံက ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

ကင်းလှည့်စစ်ကား ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီဘက်မှ စစ်ကူအများအပြားရောက်ရှိလာပြီး အနီးဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း၊ မိနစ် ၂၀ ခန့် သေနတ် ပစ်ခတ်သံများ ကြားရကြောင်း သိရှိရသည်။

ယင်းနောက် နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်သွားလာနေသော အများပြည်သူပိုင်ကား ၁ စီးလည်း ကျည်ထိမှန်မှုများရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် အဆိုပါ Hijet မော်တော်ယာဉ်ကို အသုံးပြုကာ စစ်ဝတ်စုံဝတ်ဆင်၍သော်လည်းကောင်း၊ အရပ်ဝတ်ဖြင့်လည်းကောင်း သိမ်ဇရပ်၊ မုပ္ပလင်၊ အင်္ဂဘို အနီးဝန်းကျင်သို့ ကင်းလှည့်လေ့ရှိကြောင်း၊ ယနေ့ပစ်ခတ်ခံရသော စစ်ကောင်စီ၏ Hijet ယာဉ်သည် ကျိုက်ထိုတော်လှန်ရေးအင်အားစုထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article