34 C
Yangon

ခင်းဦမြို့နယ်၊ သိမ်တော်ရွာတွင် PDF တပ်ဖွဲ့ ၁၁ဦးနှင့် ပြည်သူ ၃ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ရွာပြင်တွင် အလောင်းများ ပစ်ထားခဲ့

Must read

ရန်ကုန်၊ မတ် ၉

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် သိမ်တော်ကျေးရွာကို မတ်လ ၈ရက်နေ့ မွန်းလွဲပိုင်း စစ်တပ် က ဝင်စီးနင်းပြီးနောက် PDF တပ်ဖွဲ့ဝင် ၁၁ ဦးနှင့် ပြည်သူ ၃ ဦးကို ဖမ်းဆီး သတ်ဖြတ်ကာ အလောင်းများကို ပစ်ထားခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စစ်ကောင်စီ စစ်ကြောင်းသည် ယမန်နေ့ နံနက် ၁ဝနာရီခန့်က သိမ်တော်ကျေးရွာအနီးသို့ ဝင်ရောက်စီးကြောင်း၊ ကျွန်းလည်ကျေးရွာမှ ပြည်သူ ၃ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ သိမ်တော်ရွာအတွင်းသို့ လက်နက်ကြီး အချက်ရေ ၅ဝကျော် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းပြီးနောက် ၎င်းတို့ ဖမ်းဆီးလာသည့် ပြည်သူ ၃ဦးနှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၁ဦးတို့ကို စစ်တပ်က သိမ်တော်ကျေးရွာအနီးရှိ ကွင်းပြင် တစ်ခုတွင် သတ်ဖြတ်ကာ ရုပ်အလောင်းများကို ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

အဆိုပါစစ်ကောင်စီ စစ်ကြောင်းသည် သိမ်တော်ကျေးရွာရွာအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းကြောင့် စစ်သား ၁ ဦးသေဆုံးခဲ့ပြီး ထိုသေဆုံးသွားသော စစ်သားကို ကျေးရွာထဲတွင် မီးရှို့ သဂြိုလ်ခဲ့ကြောင်း၊ ဒဏ်ရာရရှိသော စစ်သားများကိုလည်း ရှိကြောင်း သိရသည်။

ထိုစစ်ကောင်စီတပ်သည် သက်ပေးကျေးရွာကို ထပ်မံ ဝင်ရောက်စီးနင်းကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ခဲ့ပြီး ယနေ့ မတ်လ ၉ရက်နေ့တွင် မူးသာကျေးရွာသို့ ဆက်လက်ဝင်ရောက် မွှေနှောက်ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article