ရန်ကုန်၊ မတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ကံသာ-လက်ပန်တောရွာအနီးတွင် မတ်လ ၈ ရက်နေ့ နံနက် ၉ နာရီကျော်ကစတင်၍ ညနေ ၄ နာရီကျော်အချိန်အထိ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့အကြား အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီး ထိမှန်ကာ ပြည်သူ ၈ ဦး သေဆုံးခဲ့သည်။
လက်ပံတောရွာဘုန်းကြီးကျောင်းဝန်းအတွင်း ပုန်းအောင်းနေသောအရပ်သားပြည်သူ ဒေါ်မို့မို့ဝင်း (အသက် ၃၀နှစ်)၊ သားလေးမောင်မှတ်ကြီး (အသက် ၄နှစ်)၊ မောင်စွမ်းထက်နိုင်(အသက်၉နှစ်)၊ ဒေါ်သိန်းလှ(အသက်၇၀နှစ်)၊ ဒေါ်တင်ညွန့် (အသက်၉၃နှစ်)၊ ဦးသန်မောင်(အသက်၈၀နှစ်)၊ ကံသာရွာကျေးရွာမှ ဦးအုန်းလှိုင်+ဒေါ်လှပြည့်၊ ဦးသိန်းမောင် တို့မှာ စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ကာ အလောင်းများ ဖျောက်ဖျက်သွားကြောင်း သိရှိရသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်ပံတောကျေးရွာရှိ အစိုးရစာသင် ကျောင်း မီးရှို့ဖျက်စီးခဲ့သလို အပြစ်မဲ့အရပ်သားပြည်သူအချို့ရှိ လူနေအိမ်အချို့ပါ မီးရှို့ဖျက်ဆီးခဲ့သည်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှင့်အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေသည့်စစ်ကောင် စီတပ်ဖွဲ့သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာကို မီးရှို့သွားခဲ့သည့် တပ်ဖွဲ့ဖြစ်ကြောင်း လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်လူအင်အား ၃၀၀ ထက်မနည်းရှိကြောင်း သိရသည်။