By ရန်ကုန်ခေတ်သစ်
ဖေဖော်ဝါရီလမှစလို့ နေ့စဉ် ရုပ်/သံသတင်းအစီအစဉ်တွေကို စမ်းသပ် ထုတ်လွှင့်နေပြီး မကြာမီ နေ့စဉ်ပုံမှန် ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဒီကနေ့ မတ်လ ၁၀ ရက် မနက်ပိုင်းရရှိထားတဲ့ သတင်းတွေကတော့
-ချင်းပြည်နယ်နဲ့မကွေးတိုင်းအစပ် ဆောမြို့ ကံချောင်းရွာထိပ်မှာ CDF ကန်ပက်လက်နဲ့ ယော ဒေသကာကွယ်ရေး အဖွဲ့က ပူးပေါင်းတိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ ၅ဦး သေဆုံးကာ ၉ ဒဏ်ရာရခဲ့တယ်လို့ ကန်ပလက် CDF က သတင်းထုတ်ပြန်ပါတယ်။
-ကရင်အမျိုးသားအစည်အရုံး၊ KNU တပ်မဟာ ၆ နယ်မြေ၊ လေးကေ့ကော်ဒေသမှာ လွန်ခဲ့တဲ့ရက်တွေကစလို့ အကြမ်းဖက်စစ်ကောင်စီနဲ့ KNLAပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေပါတယ်။
-စစ်ကိုင်းတိုင်းချောင်းဦးမြို့နယ် ကံကြီးကုန်ကျေးရွာက မဘသ ဘုန်းကြီး နန္ဒစာရခေါင်းဆောင်တဲ့ ပျူစောထီအဖွဲ့ ဝင်ရောက်တိုက်ခိုက်ခံရလို့ ၁၀ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ စတဲ့ သတင်းတွေနဲ့ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။