28 C
Yangon

စစ်အာဏာရှင်ဟောင်း နေဝင်းမိသားစုပိုင် Omni Focus ယာဉ် ခရီးသည်များ မရှိချိန် ဗုံးခွဲခံရ၊ ကော့မှူးရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်မိုင်းခွဲခံရ၊ မင်္ဂလာဒုံဓာတ်အားခွဲရုံ ဗုံးကွဲ၊ သာကေတနှင့်ဒဂုံဆိပ်ကမ်းတွင်လည်း ဗုံးများ ဆက်တိုက်ကွဲ

Must read

ရန်ကုန်၊ မတ် ၁၁

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင် မိုင်းခွဲခံရပြီး မင်္ဂလာဒုံမြို့နယ်ရှိ ဓာတ်အားခွဲရုံးတစ်ခုလည်း ဗုံးခွဲခံရကြောင်း ဒေသခံများက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ကော့မှူးမြိုနယ်၊ ကျိုက်ထော်ပျဉ်းကတိုးအုပ်စု၊ အိုးဘိုကျေး ရွာရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်တွင် မိုင်းပေါက်ကွဲကြောင်း၊ ပေါက်ကွဲမှုကြောင့် လူ ၁ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ Mytel တာဝါတိုင်လည်း ထိခိုက်မှုရှိကြောင်း‌ ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အလားတူ မတ်လ ၁၁ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန် မင်္ဂလာဒုံမြိုနယ်၊ ဈေးရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း၊ နိုင်ငံရေးကားမှတ်တိုင် အနီးရှိ ၁၄ မိုင်ဓါတ်အားခွဲရုံကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့ကြောင်း၊ပေါက်ကွဲမှုအပြီးတွင် စစ်တပ်က လမ်းများပိတ်ဆို့၍ ရှာဖွေမှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။

အလားတူ သာကေတမြို့နယ်တွင် မွန်းလွဲ ၁ နာရီတွင်လည်းကောင်း၊ ဒဂုံဆိပ်ကမ်းတွင်လည်း မွန်းလွဲ ၂ နာရီတွင်လည်းကောင်း ဗုံးများ ဆက်တိုက်ပေါက်ကွဲကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။

ထို့ပြင် ယနေ့ ညနေ ၄ နာရီဝန်းကျင် လှိုင်သာယာမြိုနယ်၊ ရန်ကုန် – ပုသိမ်လမ်းပေါ် ၊ ရဲတပ်ရင်း (၉)အနီး၊ YBS ယာဉ်ရပ်နားစခန်းဂိတ်ဝတွင် စစ်တပ် ဒေါက်တိုင် အေးနေဝင်းပိုင်ဆိုင်သော OMNI FOCUS YBS 20 ယာဉ်တစ်စီးတွင် ခရီးသည်များမရှိချိန် ဗုံးပေါက်ကွဲကြောင်း လှိုင်သာယာသတင်းရင်းမြစ် HTY Information၏ သတင်းဖော်ပြချက်နှင့် တော်လှန်ရေးရဲဘော်တစ်ဦး၏ သတင်းပေးပို့မှုအရ သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီဒေါက်တိုင် နေဝင်းမိသားစုပိုင် Omni Focus YBS 20 ဗုံးကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များက စစ်ဆေးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article