By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၁၈ ရက် ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက်စစ်တပ်ကပြုလုပ်တဲ့ ရွေးကောက်ပွဲပြီးသွားပြီဆိုပေမယ့် အဘက်ဘက်က ယိုယွင်း ပျက်စီးမှုတွေ များလာပြီး မြန်မာနိုင်ငံက ကျရှုံးနိုင်ငံအဆင့်ကိုတောင် ကျော်လွန်သွားပြီး နာလန်ထူဖို့ လမ်းစပျောက်နေတဲ့ မျှော်လင့်ချက်မဲ့နိုင်ငံတစ်ခုလိုဖြစ်လာနေပြီလို့ နိုင်ငံတကာရေးရာတွေကို အစဉ်တစိုက်လေ့လာသုံးသပ်ရေးသားနေတဲ့ East Asia Forum က ဖော်ပြထားပါတယ်။
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ပြည်သူပိုင်မြေယာတွေကို သိမ်းယူပြီး အကွက်ရိုက်ရောင်း စားနေတဲ့ ပျူစောထီးခေါင်းဆောင် စံရှားကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ ပြည်ကြီးတံခွန်ဘက်က ပြည်သူ့စစ်အသိုင်းအဝိုင်းနဲ့ မြေကွက်ဝယ်ရောင်းအကျိုးဆောင်တချို့ဆီက စုံစမ်းသိရပါတယ်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် ရပ်ကွက်တွေမှာ အကြမ်းဖက်စစ်တပ်က လူငယ် ၃၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
-အင်ဒိုနီးရှားနိုင်ငံဟာ သူတို့ရဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘောကို အီတလီနိုင်ငံဆီကနေ ဒီနှစ်အတွင်း မှာပဲ ရရှိဖို့ရှိနေပြီး အီတလီအစိုးရက အင်ဒိုနီးရှားနိုင်ငံဆီကို အကူအညီအနေနဲ့ ပေးအပ်သွားမယ့် သတင်းအပါအဝင် ရန်ကုန်ခေတ်သစ်ရဲ့ မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




