26 C
Yangon

စစ်တပ်ကို လူစိတ်မရှိသော တိရစ္ဆာန်ထက်ဆိုးသူများဟု မှတ်ချက်ပေးသူ CID ဒုရဲမှူးကြီးဇော်ဝင်းကို ရဲစည်းကမ်းဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်၊ အကြည်ညို ပျက်စေ မှု ပုဒ်မ ၅၀၅ (က) ဖြင့် ထပ်တိုးတရားစွဲထား

Must read

ရန်ကုန်၊ မတ် ၁၁

အကြမ်းဖက်စစ်တပ်က ပြည်သူကို စစ်ကားဖြင့် တိုက်သတ်မှုအပေါ် “လူစိတ်မရှိသော တိရစ္တာန်ထက် ဆိုးသူများ”ဟု မှတ်ချက်ပြုခဲ့သူ CID ဒုရဲမှူးကြီးဇော်ဝင်းကို ရဲစည်းကမ်းဖောက်ဖျက်ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း ရဲဘက်သတင်းရင်းမြစ်ထံမှသိရှိရသည်။

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ယမန်နှစ် ဒီဇင် ဘာလ ၅ ရက်နေ့ စစ်အာဏာ ရှင် ဆန့်ကျင်ရေး လူငယ်များကို စစ်ကားဖြင့် တိုက် သတ်မှုကို “လူစိတ်မရှိသော တိရိစ္ဆာန်ထက် ဆိုးသူများ” ဟု မှတ်ချက်ပြုမှုကြောင့် CID မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)ရဲအရာရှိသင်/ထောက်လေ့ကျင့်ရေးသင်တန်းကျောင်း အုပ်ကြီး ဒုတိယရဲမှူးကြီး ဇော်ဝင်းကို စစ်တပ်က ဖမ်းဆီးထောင်ချခဲ့ခြင်းဖြစ်သည်။

CID ကျောင်းအုပ်ကြီး ဒုရဲမှူးကြီးဇော်ဝင်းကို ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးခဲ့ပြီး ယခုမတ်လအတွင်း ရဲစည်းကမ်းဖောက် ဖျက်မှုဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ပြီးနောက် ပုဒ်မ ၅၀၅ (က) တို့ဖြင့် အမှုဖွင့် ထပ်တိုးတရားစွဲထားကြောင်း သိရှိရသည်။

“အဲ့ဒီထောင်ဒဏ် ၃နှစ်က ရဲစည်းကမ်းထိမ်းသိမ်းရေးပုဒ်မနဲ့ချတာ။ ၅၀၅-က နဲ့ထပ်စွဲထားတယ်” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ CID ဒုရဲမှူးကြီးဇော်ဝင်း၏ မိတ်ဆွေ စစ်တပ်ကို ဝေဖန်သူ အငြိမ်း စား ဒုရဲမှူးကြီး မြင့်အောင်ကိုလည်း ဖမ်းဆီးတရားစွဲဆိုထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article