31 C
Yangon

စစ်တပ် တပ်စွဲထားသော ရွှေပြည်သာ လူ/ကယ်ပြန်ရုံးတွင် ဗုံးကွဲပြီး ကြည့်မြင်တိုင်တွင်လည်းဗုံးပေါက်ကွဲ၊ ပုသိမ်ကြီး EPC ရုံး ဗုံးခွဲတိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ မတ် ၁၂

အကြမ်းဖက်စစ်ကောင်စီတပ် တပ်စွဲထားသော ရွှေပြည်သာ လူမှုဝန်ထမ်းနှင့်ကယ်ဆယ်ရေးရုံးကို ယနေ့ နံနက်ပိုင်းတွင် ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားကြောင်း ဒေသ ကာကွယ်ရေးတပ်ထံမှ သိရှိရသည်။

မတ်လ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် MO 7(Eagle) YUGA က ရွှေပြည်သာ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း တော်လှန်ရေးရဲဘော်နွေဦးက ပြောသည်။

“လူကယ်ပြန်ရုံးထဲမှာ ဒီကောင်တွေ စခန်းရှိပါတယ် အဲ့က အထွက်ကားကို ခွဲဖို့ မိုင်းထောင်ပြီးစောင့်နေတာ လမ်းသွားလမ်းလာတချို့က စပ်စုပြီး သတင်းပေးလိုက်ပုံပဲ သူတို့တွေ့သွားတယ်။ အဲဒါကြောင့်ခွဲလိုက်ရတယ်။ထိခိုက်မှုတော့ သိပ် မရှိလောက်ဘူး ခွဲတဲ့အချိန်” ဟု ရဲဘော်နွေဦးက ပြောဆိုသည်။

အလားတူ ယမန်နေ့ ညပိုင်း ကြည့်မြင်တိုင်မြို့နယ်တွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူနာတင်ကားတချို့ သွားလာမှု မြင်တွေ့ရသည်ဟု ဒေသခံများက ပြောဆိုသည်။

မန္တလေးမြို ပုသိမ်ကြီးမြိုနယ် လျှပ်စစ်ရုံး(EPC)တွင်လည်း ယမန်နေ့ မတ် ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲကျော်အချိန် မန္တလေးမြိုပြ ပြောက်ကျားတပ်ဖွဲတွေ ဖြစ်သည့် Dragon Warrior အဖွဲ့နှင့် Yadanarbon Phoenix Guerilla Force (YPGF) အဖွဲ့တို့ ပူးပေါင်းပြီး‌ ပုသိမ်ကြီးမြို့နယ် ၊ လျှပ်စစ်(EPC)ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dragon Warrior အဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article