25 C
Yangon

စစ်တပ်တပ်စွဲထားသော ရန်ကုန်တိုင်း၊ ခရမ်းမြို့ထွေ/အုပ်ရုံးနှင့်ကံသာကျောင်းတို့တွင် ဗုံးပေါက်ကွဲ၊ ရွှေပြည်သာ Denko ဆီဆိုင်တွင်လည်း ဗုံးပေါက်၊ လှိုင်မြို့နယ်ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်မှာလည်း ဗုံးပေါက်

Must read

ရန်ကုန်၊ မတ် ၁၃

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် စစ်ကောင်စီတပ်များ တပ်စွဲထားသော ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့်ကံသာကျောင်းတို့တွင် ယနေ့ ဗုံးများပေါက်ကွဲကြောင်း ခရမ်း PDF သတင်းရင်းမြစ်ထံမှ သိရှိရသည်။

မတ်လ ၁၃ ရက်နေ့ နံနက် ၁၁ နာရီကျော်ဝန်းကျင်အချိန် ခရမ်းမြိုနယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲကြောင်း၊ ဗုံးသီးလက်နက် ၄၀ မမဖြင့် ပစ်ခတ်မှု ဖြစ်ပွားကြောင်း၊ ထွေအုပ်ရုံးပေါက်ကွဲမှုဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ တပ်သား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထွေအုပ်ရုံး အဆောက်အဦးလည်း အနည်းငယ်ထိခိုက် ပျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အလားတူ တစ်ချိန်တည်းမှာပင် စစ်ကောင်စီတပ်ဖွဲ၀င်များရောက်ရှိနေသည့် ခရမ်းမြို ကံသာကျောင်းအနီး ဗုံးပေါက်ကွဲမှုဖြစ်စဥ်တွင်လည်း စစ်ကောင်စီတပ်သားများ ထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရသည်။

ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့်ကံသာကျောင်းကို ယနေ့မနက် ၁၁ နာရီ ၂၀ မိနစ်က ခရမ်းမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(PDF Khayan)က ၄၀ မမ အပြင်းစားဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ မတ်လ ၁၂ ရက်နေ့ ညပိုင်း ရွှေပြည်သာမြို့နယ် ၊ ကန်သာယာမှတ်တိုင်အနီးရှိ Denko ဆီဆိုင်ကို
MUPDF မှ သတိပေးသည့်အနေဖြင့် အသံမိုင်းဖြင့် ဖောက်ခွဲခဲ့ကြောင်း၊ Denko ဆီဆိုင်လုပ်ငန်းအနေဖြင့် စစ်ကောင်စီအား လေယာဉ်ဆီများ ထောက်ပံ့ပေးနေသည့် စစ်ကောင်စီ၏ ဒေါက်တိုင်ဖြစ်နေသည့်အတွက်
မိမိတို့ MUPDF အဖွဲ့မှ သတိပေး ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး၊ ဆက်လက်၍ စစ်ကောင်စီအား ပံ့ပိုးကူညီမှု ဆက် လက် လုပ်ဆောင်ပါက ဒီထက့်ပြင်းထန်သည့် တိုက်ခိုက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း MUPDF မှ တော်လှန်ရေး ခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။

အလားတူ ယနေ့ မတ်လ ၁၃ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် ဘူတာရုံ လမ်းနှင့်ဘုရင့်နောင်လမ်းထောင့် အမှတ် ၂ အထပ်သားစက်ရုံဝင်းရှိ စစ်တပ်ပိုင် Mytel တာဝါ တိုင်ကို YFA က ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း YFA က တရားဝင်သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ လှိုင်မြို့နယ်ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင် ဖောက်ခွဲမှုကို Area- 21 မိတ်ဖက်ညီ နောင် အဖွဲ့များဖြစ်သည့် Yangon Federal Army -YFA နှင့် Civil Guerrilla Force-YGNတို့က ပူးပေါင်း ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ် ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ယမန်နှစ်ကင်းလှည့်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။

Photo – EPA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article