25 C
Yangon

မှော်ဘီလေတပ်မှ ဗိုလ်ကြီးထက်အောင်နှင့်ဇနီး၊ ဗိုလ်ကြီးလွင်မျိုးထက်တို့ ၃ ဦးကို ထပ်မံဖမ်းဆီးပြီး ရေကြည်အိုင်စစ်ကြောရေးတွင် စစ်ဆေးနေ

Must read

ရန်ကုန်၊ မတ် ၁၃

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီလေတပ်မှ ဗိုလ်ကြီးထက်အောင်နှင့်ဇနီးဒေါ်မေသူကျော်၊ ဗိုလ်ကြီးလွင်မျိုးထက် တို့ ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ရေကြည်အိုင်စစ်ကြောရေးတွင် စစ်ဆေးလျက်ရှိကြောင်း ရေကြည်အိုင်စစ်ကြောရေး တပ်သတင်းရင်းမြစ်က ပြောသည်။

မှော်ဘီလေတပ်မှ တိုက်လေယာဉ် ၂ စီး ဖေဖော်ဝါရီလအတွင်း ဖောက်ခွဲခံခဲ့ရပြီး မှော်ဘီလေတပ်မှ မိသားစုဝင်များကို ဖမ်းဆီးပြီး ရေကြည်အိုင်တွင် စစ်ဆေးမှုများလုပ်ဆောင်ကြောင်း၊ ယင်းနောက် မှော်ဘီလေတပ် ဗုံးကွဲမှုကို Viber တွင် အပြန်အလှန်ပြောဆိုခဲ့သော ဗိုလ်ကြီးထက်အောင်နှင့်ဇနီးဒေါ်မေသူကျော်၊ ဗိုလ်ကြီး လွင်မျိုးထက်တို့ ၃ ဦးကိုလည်း ရေကြည်အိုင်စစ်ကြောရေးသို့ ထပ်မံ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

မှော်ဘီလေတပ် ဖောက်ခွဲမှု သံသယနှင့် ဦးပိုင်ကို မကောင်းပြောသည်ဟုဆိုကာရေကြည်အိုင်စစ်ကြောရေးတွင် ဖမ်းဆီးစစ်ဆေးခံနေရသော လေတပ်မှ ဗိုလ်မှူးထင်လင်းဖေကို ဗိုလ်မှူး ထက်အံကျော် ဦးစီး ပြီးလာခေါ်သွားကာ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ရဲ့ ဗဟိုကင်းအချုပ်စခန်းတွင် တွဲဖက်‌ချုပ်နှောင်ထားကြောင်း ရေကြည်အိုင်စစ်ကြောရေး သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၁၁ နာရီ ၄၀ အချိန် People’s Force ပြည်သူ့အင်အားစု (Yangon) က မှော်ဘီလေတပ်စခန်း ဌာနချုပ်ရှိ တိုင်းရင်းသား ဒေသများကို ဗုံးကျဲတိုက်ခိုက်နေသော ဖိုက်တာဂျက် လေယာဉ်များ ထားရှိနေရာကို ဝင်ရောက် ဗုံးဆင်ပြီး အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် လေယာဉ် ၂ စီးပျက်စီးသွားခဲ့ရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏‌ မှော်ဘီလေတပ်စခန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article