31 C
Yangon

နောင်ချိုတွင် စစ်တပ်ပိုင် Mytel တာဝါတိုင် ဗုံးခွဲခံရပြီး တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးပြီး ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်

Must read

ရန်ကုန်၊ မတ် ၁၃



ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင် ဗုံးခွဲခံရပြီးနောက် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးပြီးနောက် စစ်ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်ကြောင်း ဒေသခံများထံမှသိရှိရသည်။

မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်း နောင်ချိုမြို့ဈေးရပ်ကွက်၊ စစ်တပ်ထောက်ခံသူ စိုးနိုင်နေအိမ်တွင် စစ်ကောင် စီတပ်က စိုက်ထူထားသော Mytel တာဝါတိုင်ကို နံနက် ၆ နာရီ ၁၀မိနစ်တွင် မိုင်းနှစ်လုံးဖြင့် ဖောက် ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် နောင်ချိုမြို့မြောက်ဘက် ဖွားသီတောင်အနီးတွင် စစ်ကောင်စီတပ်နှင့် PDF တပ်များ တိုက်ပွဲပြင်းထန်ကြောင်း၊ စစ်ကောင်စီဘက်မှ စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ၊ စစ်တပ်ဘက်မှ စစ်ကြောင်းမှူး အပါဝင် စစ်သား ၅ ဦးသေဆုံးကြောင်း၊ စစ်တပ်က မြို့အဝင်၊ အထွက်၊ ထွေ/အုပ်ရုံးနှင့် ရဲစခန်းအနီး လမ်းများပိတ်ဆို့ထားကြောင်း သိရှိရသည်။

“တိုက်ပွဲကတော့ သေနတ်သံရော လက်နက်ကြီးသံတွေရော ရဟတ်ယာဉ်သံတွေရောကြားရတယ်။ မြို့ပေါ်မှာတော့ နည်းနည်းခြောက်ကပ်သွားတာပဲရှိပါတယ်။ တိုက်ပွဲ အသေအပျောက်ရှိတယ်ကြားတယ်၊ အတိ အကျတော့မသိသေးဘူး။ ညဘက်ဆိုရင်တော့ ၇ နာရီလောက်ဆို နောင်ချိုမြို့ပေါ်မှာ လူက မရှိတော့ဘူး” ဟု နောင်ချိုဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- နောင်ချိုမြို့ပေါ်ရှိ စစ်ကောင်စီပိုင် Mytel တာဝါတိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article