25 C
Yangon

ရန်ကုန်၊ ကသာ၊ မန္တလေးနှင့်ဒီပဲယင်းတို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး စစ်သား ၃၁ ဦးသေဆုံးကာ အများအပြားဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၁၄

ရန်ကုန်၊ ကသာ၊ မန္တလေးနှင့်ဒီပဲယင်းတို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး စစ်သား ၃၁ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိကြောင်း ဒေသကာ ကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

ကသာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်းသေဆုံး
==================================

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်တပ်သင်္ဘော ၂ စီးကို ရှော့တိုက်ဒုန်း နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ချက်ကောင်းထိပြီး သင်္ဘောအတွင်းပိုင်းထဲ ကျရောက်ပေါက်ကွဲခဲ့သဖြင့် စစ် သား ၃၀ ဦးထက်မနည်းသေဆုံးကြောင်း ကသာ PDF က သတင်းထုတ် ပြန်သည်။

“ရှော့တိုက်ဒုန်းစာမိ ခွေးအကောင်ရေ (၃၀)ထက်မနည်း သေပြီး ကုလားသချိုင်း တာဝါတိုင်အနီး မြုပ်နှံနေ။ ဒဏ်ရာရ ခွေး ငါးကောင်ကို ကသာ ဆေးရုံသို့ သယ်သွား” ဟု ကသာ PDF က သတင်းထုတ်ပြန်ထားသည်။

မန္တလေးတွင် ဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပေါ်ပြီး စစ်သား ၁ ဦးသေဆုံး
=====================================

ယနေ့ မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်း မန္တလေးမြို့ ၆၂ လမ်းနှင့် သိပ္ပံလမ်းထောင့် မီးပွိုင့်၌ လမ်းသွားလမ်းလာများကို ဖမ်းဆီးငွေညှစ်နေသည့် စစ်ကောင်စီလှည့်ကင်းတပ် ဗုံးဖြင့် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိသွားကြောင်း၊ Mandalay Black King Scorpion၊ Guerilla Force of Mandalay၊ Mandalay Ranger Force – PDF မဟာမိတ်ညီနောင်သုံးဖွဲ့ ပူးပေါင်း၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သှိရိရသည်။

ထို့ပြင် Mandalay Black King Scorpion နှင့် Guerilla Force of Mandalay မဟာမိတ်ညီနောင်နှစ်ဖွဲ့ က ၆၂ လမ်းပေါ်ရှိ သူနာပြုတက္ကသိုလ် ဂိတ်ပေါက် လုံခြုံရေးဂိတ်ကို ဗုံးဖြင့် ယနေ့တိုက်ခိုက်ရာ ဂိတ်ပေါက်စောင့် စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အလားတူ မန္တလေးတိုင်း မြို့သာမြို့ ပေါ်ရှိ လျှပ်စစ်ရုံးကို ယနေ့ည ၇ နာရီခွဲအချိန် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဒီပဲယင်း စိုင်ပြင်ရဲစခန်း ရှော့တိုက်ဒုံးဖြင့် အထုခံရ
===========================

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ရဲစခန်းကို မတ်လ ၁၂ ရက်နေ့ ည ၈ နာရီအချိန် ရှော့တိုက်ဒုံး ၆လုံးဖြင့် ကောင်းကင်၊ စွယ်တော်၊ ဗိုလ်ဇေယျနှင့်နင်ဂျာ(ဘတလင်)တို့က ပစ်ခတ်တိုက်ခိုက်ကြောင်း သိရှိရသည်။

လှိုင်သာယာတွင် ဗုံးပေါက်ကွဲ
==================

ရန်ကုန်တိုင်း၊ လှိုင်သာယာတွင် စစ်တပ်က ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှု တစ်နှစ်ပြည့်အဖြစ် ရန်ကုန်အခြေစိုက်တော်လှန်ရေး ညီနောင်အဖွဲ့များက ယနေ့ ညနေ ၃ နာရီ BOC မှတ်တိုင်နှင့် စနေမ မှတ်တိုင်အကြားတွင် ဗုံးခွဲမှု ပြုလုပ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- တိုက်ပွဲတိုင်း အသေများနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article