24.9 C
Yangon

ချောင်းဦးနှင့် ပုလဲရှိ ရွှေလှေကျေးရွာနှင့် ထန်းတောတိုက်ရွာတို့ကို စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၂ဦးကို ပစ်သတ်

Must read

ရန်ကုန်၊ မတ် ၁၄

စစ်ကိုင်းတိုင်း ချောင်ဦးမြို့နယ် ရွှေလှေကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီး အဖွဲ့များက ယနေ့ မတ်လ ၁၄ရက်နေ့ နံနက် ၆နာရီခန့်တွင် ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူ ၁ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၁၀၀ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်သားများ ကျေးရွာအတွင်း ရောက်ရှိလာသောကြောင့် လယ်ထွန်စက် မောင်းပြီး ထွက်ပြေးရန် လုပ်ဆောင်နေသော ပြည်သူ ၁ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း သိရသည်။

” စစ်သားတွေ ရွာထဲ ဝင်လာတော့ လယ်ထွန်စက်မောင်းပြီး ထွက်ပြေးဖို့ လုပ်ဆောင်နေတဲ့ ပြည်သူ ၁ဦးကို စစ်တပ်က ပစ်သတ်လိုက်တယ်။ ကျေးရွာထဲမှာရှိတဲ့ ပြည်သူပိုင် နေအိမ် ၁ဝဝလောက်ကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားတယ်။ ဒေသခံ ပြည်သူတွေကတော့ ဘေးလွတ်ရာကို အကုန်လုံး ထွက်ပြေးတိမ်းရှောင်နေတယ် ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ ပုလဲမြို့နယ် ထန်းတောတိုက် ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ မတ်လ ၁၄ ရက်နေ့ ည ၇နာရီခန့်တွင် မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၁ဦးကို ပစ်သတ်ခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ် ဖြစ်သော pale entertainment အဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ထန်းတောတိုက် ကျေးရွာ၌ မတ်လ ၁၃ ရက်နေ့က စတင်ကာ တပ်စွဲ နေထိုင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ညပိုင်းကစတင်ကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး စစ်တပ်က အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများ ဖြတ်တောက် ထားခြင်းကြောင့် ဒေသခံ ပြည်သူများနှင့် အဆက်အသွယ် ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article