23 C
Yangon

မုံရွာနှင့် ဟုမ္မလင်းတွင် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ၄ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၁၅

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် သစ်ဆိမ့်ကျေးရွာက အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ထက်သူရိန်ကို မတ်လ ၁၃ ရက်နေ့ ည ၉နာရီခန့်တွင် ဗိုလ်စနေ ဦးဆောင်သည့် အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ သေဆုံးသူ ထက်သူရိန်သည် သစ်ဆိမ့်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက် စီးနင်းချိန်တွင် လမ်းပြလုပ်ဆောင်ခဲ့သူဖြစ်ကာ ကျေးရွာအတွင်းရှိ သတင်းများကို စစ်တပ်ထံ သတင်းပေးပို့ခြင်းကြောင့် ဗိုလ်စနေ အဖွဲ့က ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သစ်ဆိမ့်ကျေးရွာကို စခများဝင် မွှေတုန်းက ထက်သူရိန် ကိုယ်တိုင်စိတ်လိုလက်ရ လမ်းပြပြီး စခများအားကူညီထောက်ပံ့ပေးတယ်၊ ရပ်ရွာသတင်းများကို စစ်ကောင်စီထံ ပို့ဆောင်သော‌ကြောင့် ရှင်းလင်းခဲ့ရခြင်းဖြစ်တယ်” လို့ ဗိုလ်စနေအဖွဲ့က မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးကို ယခုလိုပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့တွင် မတ်လ ၆ရက်နေ့က ကံကြီးကုန်းကျေးရွာရှိ စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ပျူစောထီး အဖွဲ့ဝင် ကြည်သန်းဦး၊ အေးအေးအောင်နှင့် အိအိမျိုးတို့ ဗိုလ်စနေ ဦးဆောင်သည့် အဖွဲ့က ဟုမ္မလင်းမြို့တွင် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ဇင်မင်းထက် ဆိုသူကို ဗိုလ်စနေ ဦးဆောင်သည့် အဖွဲ့က သတင်းပေးဟုတ်မဟုတ် စစ်ဆေးမှု ပြုလုပ်နေစဉ် ခုခံထွက်ပြေးသောကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး ခဲ့သော်လည်း ကျည်ထိမှန်ကာ လွတ်မြောက်သွားကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

Photo – အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ထက်သူရိန် သေဆုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article