By ရန်ကုန်ခေတ်သစ်
– မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးတစ်နှစ်အကြာမှာ ငွေကျပ်တစ်သောင်းတန် နဲ့ငါးထောင်တန် ငွေစက္ကူအတု ပြန့်နှံ့မှုဟာ ဘီလီယံနဲ့ချီ ရှိနိုင်ကြောင်း ဗဟိုဘဏ် အရာရှိတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောပါတယ်။
– စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်က ပျူစောထီး စစ်သင်တန်း စခန်းကို PDF တပ်ဖွဲ့ဝင်တွေ မနေ့က မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်လိုက်ပါတယ်။ ဒီတိုက်ခိုက်မှုမှာ စစ်ဗိုလ်တစ်ဦး နဲ့ ပျူစောထီး ၃ ဦး သေဆုံးပြီး လက်နက် ၅ လက် နဲ့အတူ ကျည်ဆံတွေပါ သိမ်းဆည်းရမိတယ်လို့ မော်လိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေး ပါမယ်။