ရန်ကုန်၊ မတ် ၁၅
မတ်လ ၁၃ ရက်နေ့တွင် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်-ထီးခီးလမ်း၊ ဝါးတောကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၆၇ မှ စစ်ယာဉ်တန်းကို KNDO Special တပ်ရင်း (ထားဝယ်ခရိုင်) နှင့် ထားယ်ခရိုင်ပြည်သူ့ကာ ကွယ်ရေးတပ်ဦးက တိုက်ခိုက်ခဲ့ပြီး ဗိုလ်ကြီးအဆင့်အရာရှိ အပါအဝင် ၅ ဦးသေဆုံးပြီး ၄ ဦးထက်မနည်းဒဏ်ရာရကြောင်း သိရှိရသည်။
ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးနှင့် ဗိုလ်အယ်ခွီး (ဗိုလ်ကော်လားဖိုး) ဦးဆောင်သော KNDO Special တပ်ရင်း (ထားဝယ်ခရိုင်) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စစ်ကားသည် ချောက်ထဲသို့ တိမ်းမှောက်သွားကာ ဗိုလ်ကြီးအပါအဝင် ၅ ဦး သေဆုံးခဲ့ကာ လက်နက်ခဲယမ်းအများအပြားနှင့် ဆက်စပ်အသုံးအဆောင်များ သိမ်းဆည်းရမိခဲ့သည်။
RPG ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ MA1 ၁ လက်၊ MA2 ၄ လက်၊ ၉မမ ပစ္စတို ၁ လက်၊ ကိုးလုံးကျည် ၁ လက်နှင့် ဆက်စပ် စစ်အသုံးအဆောင်များ သိမ်းဆည်းရမိကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးက သတင်းထုတ်ပြန်သည်။