38 C
Yangon

ပြည်သူများ ပုံမှန်အတိုင်း လည်ပတ်ပျော်ရွှင်နေပြီဟု ပြသနိုင်ရေး သင်္ကြန်ရေကစားမဏ္ဍပ်တည်ဆောက်ရန်၊ ယိမ်းအဖွဲ့နှင့်ရေပက်အဖွဲ့ ဖွဲ့စည်းလုပ်ဆောင်ကြရန် စစ်ကောင်စီက ပြည်နယ်/တိုင်းကောင်စီများကို ညွှန်ကြား

Must read

ရန်ကုန်၊ မတ် ၁၉

အကြမ်းဖက်စစ်ကောင်စီက တိုင်းပြည်နှင့် ပြည်သူများ ပုံမှန်အတိုင်း ပြန်လည် လည်ပတ် ပျော်ရွှင်နေပြီဟု ပြသနိုင်ရေးအတွက် လာမည့် ဧပြီလ သင်္ကြန်ကာလတွင် ယိမ်းအဖွဲ့များ၊ ရေပက်အဖွဲ့များ၊ ရေကစားမဏ္ဍပ်များ တည် ဆောက်လုပ်ဆောင်ကြရန် တိုင်း/ပြည်နယ်အစိုးရများကို ညွှန်ကြားထားကြောင်း သိရှိရသည်။

စစ်ကောင်စီက တိုင်းနှင့်ပြည်နယ်များတွင် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် တိုင်းတာဝန်ခံများက ယိမ်းကမည့် အဖွဲ့များ၊ ရေပက်မည့်အဖွဲ့များ၊ ရေကစားမည့်အဖွဲ့များကို ဖွဲ့စည်းနိုင်ရေးအတွက် လူစာရင်းများ တောင်းခံနေကြောင်း၊ လက်ရှိတွင် ညွှန်ကြားချက်ကို စာမထုတ်သေးသော်လည်း နုတ်မိန့်ဖြင့် ညွှန်ကြားမှုများ ရရှိထားပြီးဖြစ်ကြောင်း၊ နေရာအားလုံးတွင် ပုံမှန်အတိုင်း ပြန်လည်လည်ပတ် ပျော်ရွှင်နေပြီဆိုသော ပုံရိပ်နှင့် သင်္ကြန်ကာလ စည်ကားနေပြီဆိုသော ပုံရိပ်ဖြစ်ပေါ်စေရေး ဆောင်ရွက်ကြရန် အမိန့်ပေး ညွှန်ကြားထား ကြောင်း သိရှိရသည်။

“သက်ဆိုင်ရာဌာနဆိုင်ရာညွှန်ကြားရေးမှူးတွေက မိမိတို့ငှာနတွေက ယိမ်းကမယ့်အဖွဲ့တွေနဲ့ရေပက်မယ့်အဖွဲ့တွေအတွက် လူစာရင်းတောင်းထားပါတယ်။ သက် ဆိုင်ရာတိုင်းဦးစီးမှူးတွေနဲ့ ဝန်ထမ်းတွေလည်း စိတ်ညစ်ကြတယ်။ အခြားပြည်နယ်/တိုင်းတွေမှာလည်း သင်္ကြန်ယိမ်းကဖို့တောင်းထားတယ်။ ရေပက်ခံရေကစားမဏ္ဍပ်တွေ တည်ဆောက်ဖို့လည်း ညွှန်ကြားထားပါတယ်” ဟု စစ်ကိုင်းတိုင်းမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

နေပြည်တော်တွင်လည်းဝန်ကြီးဌာန ရေကစားမဏ္ဍပ်များ တည်ဆောက်မည်ဖြစ်ပြီး ပုဂ္ဂလိက ရေကစားမဏ္ဍပ်များ ခွင့်ပြုမည်၊ ခွင့်မပြုမည်ကို မသိရှိရသေးကြောင်း နေပြည်တော်ဝန်ထမ်းအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား ဗိုလ်ရှုခံပွဲကို မင်းအောင်လှိုင်က သိန်းပေါင်း ၉ သောင်းကျော် အကုန်ခံ၍ ဆောင်ရွက်ခဲ့ပြီး ယင်းအခမ်း အနားအပြီးတွင် ကိုဗစ်ကူးစက်မှုများ အစု လိုက်အပြုံလိုက် ပေါ် ပေါက်ခဲ့ကြောင်း၊ မင်းအောင်လှိုင်ကိုယ်တိုင်လည်းကိုဗစ်ကူးစက်ခံခဲ့ရကြောင်း နေပြည် တော်ဝန်ထမ်းအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

ဓာတ်ပုံ- ၂၀၁၉ ခုနှစ် နေပြည်တော်ဟိုတယ်ဇုန် ရေကစားမဏ္ဍပ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article