25 C
Yangon

သထုံတွင် ပြည်သူများထံမှ အဓမ္မ ငွေကြေးကောက်ခံသော မီးသတ်အရာရှိအပါ အဝင် ၄ ဦး ကို အသတ်ခံရ၊စဉ့်ကိုင်တွင်လည်း စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံရသူ အသတ်ခံရ

Must read

ရန်ကုန်၊ မတ် ၂၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူများထံမှ အဓမ္မငွေကြေးကောက်ခံနေသော ၃ ပွင့်မီးသတ်အရာရှိ အပါအဝင် ၄ ဦး ယမန်နေ့က အသတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

မတ်လ ၂၀ ရက်နေ့တွင် မီးသတ်အရာရှိနှင့် အဖွဲ့ဝင်များ စုစုပေါင်း ၄ ဦး ကျေးရွာများသို့ လှည့်လည်၍ ငွေကြေးကောက်ခံမှုများလုပ်ဆောင်ကြကြောင်း ၊ ထိုသို့ ပြည်သူများထံမှ အဓမ္မငွေကြေးကောက်ခံသည့်အတွက် ဒေသကာကွယ်ရေးတပ်များက ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ သတိပေးထားပြီးသားဖြစ်ပါတယ်/ ကျေးရွာတွေမှာ မီးသတ်ဌာနက အတင်းအဓမ္မ ငွေတွေကောက်ခံချင်းပြုလုပ်လာတဲ့အတွက် သုံးပွင့်အဆင့် အပါအဝင် ၄ ဦးကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ မဟာမိတ် အဖွဲ့တွေ ပူးပေါင်းပြီး ရှင်းလင်းခဲ့ပါပြီ။ ကျန်နေသေးသော ဌာနဆိုင်ရာများအနေဖြင့် သတိပေးချက်များအား မလိုက်နာပါက ဆက်လက်ရှင်းလင်းသွားမယ်” ဟု သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အလားတူ မတ်လ ၂၁ ရက်နေ့ မန္တလေး တိုင်းစဥ့်ကိုင်မြို့နယ် ဖလံဗိုလ်ရွာနား၊ စော်ရဲကျေးရွာအုပ်စုမှ စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ယနေ့ နံနက် ၅ နာရီတွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရှိရသည်။

ဓာတ်ပုံ- အသတ်ခံရသော မီးသတ်အရာရှိ အပါအဝင် လူ ၄ ဦးနှင့် ကောက်ခံထားသော ငွေကို ခွဲဝေယူကြသည့်စာရင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article