ရန်ကုန်၊ မတ် ၂၁
နေပြည်တော်တွင် အကြမ်းဖက် စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင့်နှင့် တွေ့ဆုံနေသည့် အာဆီယံ အထူး ကိုယ်စားလှယ် ပရတ်ဆွတ်ခွန်ကို ကန့်ကွက် ရှုတ်ချကြောင်း ယနေ့ မတ်လ ၂၁ ရက်နေ့တွင် “အာဆီယံ ဒီမိုကရေစီအတွက်ရပ်တည်ပါ အာဏာရှင်ကိုဆန့်ကျင်ပါ ” စာတန်း ကိုင်ဆောင်ကာ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။