24 C
Yangon

ရန်ကုန်တွင် Food Panda Rider ဝန်ထမ်းများ လုပ်ခလစာ လျှော့ချမှုအရေး ညှိနှိုင်းစုဝေးနေစဉ် စစ်တပ်က ဝင်ဖမ်းပြီး မှတ်တမ်းယူ၊ နောက်တစ်ကြိမ်စုဝေးလျှင် ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်

Must read

ရန်ကုန်၊ မတ် ၂၁

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းထဲတွင် Foodpanda ကုမ္ပဏီမှ Food Panda Riders များကို Way လမ်းကြောင်း လုပ်ခလစာ လျှော့ချခံရမှုနှင့် ပတ်သက်ပြီး စုဝေးညှိနှိုင်းနေစဉ် အကြမ်းဖက်စစ်ကောင်စီများက ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ကွင်းထဲမှာ ပုံစံထိုင်ခိုင်းထားပြီး တစ်ယောက်ချင်းစီ ဓာတ်ပုံရိုက် စာရင်းယူသွားတယ်။ နောက်တစ်ခါ ထပ်စုရင် ဖမ်းမယ်လို့ ပြောသွားတယ်” ဟု Food Panda Rider တစ်ဦးက ပြောသည်။

Food Panda ရုံးထံမှ ထိုက်သင့်သည့် Delivery ကြေးမရရှိသည့်အတွက် Food Panda Rider အားလုံး မတ်လ ၂၀ ရက်နေ့တွင် အလုပ်မဆင်းဘဲ သပိတ်မှောက်ခဲ့ကြောင်း ၊ Food Panda ရုံးမှလည်း Rider များကို ခေါ်ယူညှိနှိုင်းသော်လည်း အပြီးသတ် သဘောတူညီမှု မရရှိသေးကြောင်း၊ ယနေ့ မတ်လ ၂၁ ရက်နေ့တွင် Rider များ စုရုံးမည်ကို ရုံးပိုင်းက သိရှိထားပြီး စုရုံးချိန်တွင် ယခုလို ဖမ်းဆီးစစ်ဆေးခံရခြင်း ဖြစ် ကြောင်း Food Panda Rider များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article