25 C
Yangon

ရေစကြို ကျောက်ထပ်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို ဖျက်ဆီးကာ ၃နှစ် အရွယ် ကလေးငယ် ၂ဦးအပါအဝင် ပြည်သူ ၈ဦးကို ဖမ်းဆီးရိုက်နှက်နေ

Must read

ရန်ကုန်၊ မတ် ၂၁

မကွေးတိုင်း ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ကျောက်ထပ်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတ်လ ၂ဝ ရက်နေ့ နံနက် ၅နာရီခန့်တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ ပိုင်နေအိမ်များကို ဖျက်ဆီးပြီး ၃နှစ်အရွယ် ကလေးငယ် ၂ဦးအပါအဝင် ပြည်သူ ၈ဦးကို စစ်တပ်က ဖမ်းဆီး ရိုက်နှက်နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ပျူစောထီး အဖွဲ့က ကျောက်ထပ်ကျေးရွာ အတွင်းသို့ လမ်းပြခေါ်ဆောင်လာခြင်းဖြစ်ပြီး ကျေးရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်စဉ်တွင် စစ်တပ်က သေနတ်ပစ်ဖောက်ပြီး လိုက်လံ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” စစ်တပ်က သေနတ်တွေ ပစ်ဖောက်ပြီး ရွာထဲကိုဝင်စီးတာပေါ့။ ပြည်သူတွေက တချို့ကလည်း ထွက်ပြေးဖို့ လုပ်နေစဉ် ဖမ်းခံရတယ်။ တချို့ကျတော့ စစ်တပ်က သေနတ်ပစ်ဖောက်ပြီး လိုက်ဖမ်းတာပေါ့။ ပုန်းနေရင်းနဲ့ ဖမ်းဆီးခံရတဲ့ သူတွေလည်းရှိတယ်။ ၃နှစ် အရွယ် ကလေးငယ် ၂ဦးပါအဝင် ပြည်သူ ၈ဦး ဖမ်းခံထားရတယ်။ ရွာထဲမှာ PDF တွေရှိလာဆိုပြီး မေးလိုက် ရိုက်လိုက်လုပ်နေတယ်။ ပြည်သူ ၁ဦးလည်း ပျောက်ဆုံးနေတယ်။ နေအိမ်တွေလည်း ဖျက်ဆီးခံထားရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ထို အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် လက်ရှိချိန်ထိ ကျေးရွာအတွင်း တပ်စွဲနေထိုင်လျက်ရှိကာ ဖမ်းဆီးခံထားရသော ၃နှစ်အရွယ် ကလေးငယ် ၂ဦးအပါအဝင် ပြည်သူ ၈ဦး၏ အသက်အန္တရာယ်လည်း စိုးရိမ်ရကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article