25 C
Yangon

ယင်းမာပင် ဆည်ထန်းတောကြီးရွာရှိ ပြည်သူပိုင် နေအိမ် ၈လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများလည်း ခိုးယူ လုယက်

Must read

ရန်ကုန်၊ မတ် ၂၃

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဆည်ထန်းတောကြီးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၈လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်သွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၈လုံးကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် နေအိမ် ၆ဝကျော်မှ ပစ္စည်းများကို ခိုးယူ လုယက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” စစ်ခွေးတွေက ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ပြီး ဝင်စီးတာ ထိခိုက်ဒဏ်ရာ ရတဲ့ အခြေအနေတော့ မသိရသေးဘူး။ ပြည်သူတွေ အားလုံးနီးပါး ရွာထဲကို ပြန်မရောက်သေးဘူး။ ခွေးတွေကတော့ ရွာထဲက ပြည်သူပိုင်နေအိမ် ၈လုံးကို မီးရှို့သွားတယ်။ အိမ်ခြေ ၆၀ ကျောက်လောက်ကို မွှေနှောက်ပြီးတော့ ပစ္စည်းတွေကို လုယက်ခိုးယူသွားတယ်။ ဘာတွေပါသွားလည်း ဆိုတာတော့ မသိရသေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article