25 C
Yangon

“ကောင်မလေးကို ပစ်သတ်လိုက်တယ်၊ အဲဒီနောက်ပိုင်းမှာ ဆံပင်ကိုလှန်ကြည့်တော့ ကောင်မလေးမှန်း သိလည်းသိရော၊ အစ်ကိုကြီးတဲ့ စာသင်ကျောင်းထဲမှာတဲ့ ကောင်မလေး ၁ ယောက်ကို ကျနော် ပစ်သတ်လိုက်ပြီ၊ သွားကြည့်ရင် သွားကြည့်လေ ဆိုတော့ ကိုဝင်းသူရရယ်၊ ကိုတူးရယ်၊ ကိုကျော်ဇင်လတ်ရယ် သွားကြည့်တယ်၊ အဲဒီမှာ ကောင်မလေးကို မဖွယ်မရာလုပ်ခဲ့ပါတယ်၊ ကွန်ဒုံးတွေနဲ့”

Must read

ရန်ကုန်၊ မတ် ၂၃

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေးအေးရွာမှ အပြစ်မဲ့ ပြည်သူအမျိုး သမီးတစ်ဦးကို စစ်တပ်က ပစ်သတ်ပြီး ရုပ်အလောင်းကို ခမရ ၃၆၈ မှ စစ်သား ဝင်းသူရ၊ မောင်တူးနှင့် ကျော်ဇင်လတ်တို့ ၃ ဦးက အဓမ္မပြုကျင့်ကြောင်း၊ စစ်တပ်သည် နေအိမ်၊ ဘုန်းကြီးကျောင်းများကို မီးရှို့ပြီး အဖိုးတန်ရွှေ၊ငွေများ လုယက်ကြောင်း PDF များ ဖမ်းဆီးခံရသော စစ်ကောင်စီတပ်မှ စစ်ပြေးစစ်သားက ပြောဆိုလိုက်သည်။

ခမရ ၃၆၈ တပ်မှ စစ်ပြေးတပ်သားသည် စစ်တပ်မှ ထွက်ပြေးလာစဉ် ယင်းမာပင်မြို့နယ်ရှိ ဒေသ ကာ ကွယ်ရေးတပ်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ဖမ်းဆီးခံရစဉ် ၎င်းတို့စစ်တပ် ခမရ ၃၆၈ က လုပ်ဆောင်ခဲ့သော စစ်ရာဇဝတ်မှုများကို ပြန်လည် ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

“သပြေအေးရွာကို ချင်းပုန်းရွာကနေပြီးတော့ မေးစမ်းပြီးတော့မှ သန်းထွန်းဝင်းဆိုတဲ့ ကျနော့် သူငယ်ချင်းက ကောင်မလေးတစ်ဦးကို ပစ်သတ်လိုက်တယ်၊ အဲဒီနောက်ပိုင်းမှာ ဆံပင်ကိုလှန်ကြည့်တော့ ကောင်မလေးမှန်း သိလည်းသိရော အစ်ကိုကြီးတဲ့ စာသင်ကျောင်းထဲမှာတဲ့ ကောင်မလေး တစ်ယောက်ကို ကျနော် ပစ်သတ်လိုက်ပြီ။ သွားကြည့်ရင် သွားကြည့်လေ ဆိုတော့ ကိုဝင်းသူရရယ်၊ ကိုတူးရယ်၊ ကိုကျော်ဇင်လတ်ရယ် သွားကြည့်တယ်၊ အဲဒီမှာ ကောင်မလေးကို မဖွယ်မရာလုပ်ခဲ့ပါတယ်၊ ကွန်ဒုံးတွေနဲ့။ ကျနော်မပါပါဘူး၊ ကိုဝင်းသူရရယ်၊ ကိုတူးရယ်၊ ကိုကျော်ဇင်လတ်ရယ်၊ ရဲဘော် စစ်သည်တွေပါ” ဟု ခမရ ၃၆၈ တပ်မှ စစ်ပြေး စစ်သည်က ပြောဆိုသည်။

ယင်းနောက် စစ်သည် ၃ ဦးက အဆိုပါ အမျိုးသမီး၏ ရုပ်အလောင်းကို မုဒိမ်းကျင့်ပြီးနောက် ထမင်းလာစားကြစဉ် အချင်းချင်း ပြောဆိုကြသော စကားများအရ မုဒိမ်းကျင့်ခဲ့သည်ကို ပြန်လည် သိရှိရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“သူတို့ အဲလိုလုပ်ပြီး ပြန်လာတဲ့အချိန်မှာ ကျနော်က ထမင်းစားဖို့ ထမင်းခူးနေပါတယ်၊ အဲဒီမှာ သူတို့က ကျနော့်နားကို လာပြီးတော့ ဟေ့ကောင် မင်းလက်က နံတယ်၊ သူ့လက်က နံတယ်နဲ့ ပြောတဲ့ အသံကို ကြားရပါတယ်၊ ပြီးတော့ မင်းက ကွန်ဒုံးမစွပ်ဘူး ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောပါတယ်။ ကျနော်တို့ ထမင်းစားနေတဲ့အရှေ့မှာပြောတာ၊ ပြောတဲ့အချိန်မှာ ကျနော်က ခင်ဗျားတို့ သွားစမ်းပါဗျာ၊ ထမင်းစားတဲ့အချိန်မှာ ဘာတွေလာပြောနေတာလဲလို့ ကျနော် ပြောလိုက်သေးပါတယ်” ဟု ခမရ ၃၆၈ တပ်မှ စစ်ပြေးစစ်သည်က ဆိုသည်။

စစ်ကိုင်းတိုင်းတွင် ခမရ ၃၆၈ တပ်မှ စစ်သားများသည် လစာနှင့်ရိက္ခာမရသဖြင့် စစ်ဘေးရှောင်ပြည်သူများကို လက်နက်ကြီးများဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဘုန်းကြီး ကျောင်းနှင့်နေအိမ်များကို မီးရှို့ခြင်း၊ အဖိုးတန်ရွှေ၊ငွေနှင့်ပစ္စည်းများကို လုယက်ခြင်း၊အိမ်များကို ဖောက်ထွက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article