By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ်လ ၂၄ ရက် မနက်ပိုင်း ရရှိထားတဲ့ သတင်းတွေကတော့
-ရန်ကုန်ဝန်ကြီးချုပ် လှစိုး ရာထူးကနေ ဖြုတ်ချခံရမှုအပါအဝင် ရန်ကုန်စီးပွားရေးဝန်ကြီး အောင်သန်းဦး ဖမ်းဆီး ခံရမှုဟာ ၎င်းတို့ အချင်းချင်းအကြား စီးပွားရေးကိစ္စတွေနဲ့ ပတ်သက်ပြီး စားခွက်လု တိုင်ကြားကြရာ ကနေဖြစ်လာ တာဖြစ်တယ်လို့ သိရပါတယ်။
– လွိုင်ကော်-ဒီးမော့ဆိုကြား စံပြ ၆ မိုင် အုပ်စု၊ ကယောပိုင်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ပြည်သူ ၃ ဦးရဲ့ အရိုးတွေကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။စတဲ့သတင်းတွေနဲ့နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။