ရန်ကုန်၊ မတ် ၂၅
စစ်ကိုင်းတိုင်း ကသာမြို့နယ် သံပုရာကုန်းရွာနှင့် အထက်ဝဲကြီးရွာကြားတွင် အကြမ်းဖက် စစ်ကောင်စီ ရိက္ခာတင်သင်္ဘော ၂စီးကို မြို့လှ PDF တပ်ဖွဲ့က ယနေ့ မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားများ သေဆုံးမှုရှိနိုင်ကြောင်း မြို့လှ PDF တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာတင်သင်္ဘော ၂ စီးသည် မိုးတားလေး၌ ၂ ညအိပ်ရပ်နားပြီး ယနေ့ နံနက်ပိုင်းတွင် အောက်ဖက်သို့ ဆက်လက်ထွက်ခွာလာစဉ် မြို့လှ PDF တပ်ဖွဲ့မှ ဗိုလ်သာလိကာဦးဆောင်သော အဖွဲ့က ရှော့တိုက်ဒုန်း ၁ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကာ 79. mm ကျည်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မြို့လှ PDF တပ်ဖွဲ့ ပစ်ခတ်ခဲ့သော ရှော့တိုက်ဒုန်းသည် သင်္ဘောဝမ်းအတွင်းသို့ထိမှန်ခဲ့ပြီး ဟန်ချက်ပျက်ကာ နှစ်ပါတ်လည်သွားခဲ့ပြီး၁၀ မိနစ်ခန့်ကြာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီသင်္ဘောမှ လက်နက်ကြီးများဖြင့် အဆက် မပြတ် ပြန်လည်ပစ်ခတ်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတည်မပြုနိုင်သေးကြောင်း မြို့လှ PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- မြစ်အတွင်းသွားလာနေသော စစ်ကောင်စီသင်္ဘောတစ်စင်း။
Photo- CJ