ရန်ကုန်၊ မတ် ၂၆
မကွေးတိုင်း ဆောမြို့နယ် ဒေသကာကွယ်ရေးတပ် အခြေခံစစ်ပညာ အပတ်စဉ်(၈) သင်တန်းဆင်းပွဲကို ယနေ့ မတ်လ ၂၆ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်သည်။
အဆိုပါ သင်တန်းဆင်းပွဲမှာ သင်တန်းသား ၁၂၀ရှိပြီး တပ်ရင်း၁ တပ်ရင်းမှူးမှ အဖွင့်အမှာစကားပြောကြားပြီး ကျမ်းသစ္စာကြိမ်ဆိုခဲ့သည်။ထို့ပြင် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပေးပို့သော သဝဏ်လွှာကို တပ်ရင်း(၂) တပ်ရင်းမှူးက ဖတ်ကြားသည်။