26 C
Yangon

ချောင်းဦး မယ်သဲကြိုးရွာသား ဦးကြည်မောင်ကို စစ်တပ်က ပစ်သတ်ပြီး ရွာထဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်

Must read

ရန်ကုန်၊ မတ် ၂၇

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မယ်သဲကြိုးရွာသား ဦးကြည်မောင်ကို စစ်တပ်က ပစ်သတ်ပြီး ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို လုယက် ခိုးယူသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ပျူစေထီးအဖွဲ့များ နေထိုင်သည့် ကင်မွန်းတော်ရွာတွင် တပ်စွဲထားသော စစ်ကြောင်းဖြစ်ပြီး မတ်လ ၂၆ ရက်နေ့တွင် မယ်သဲကြိုးရွာသို့ လက်နက်ကြီးများ သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” မယ်သဲကြိုးကျေးရွာကို သေနတ်တွေ လက်နက်ကြီးတွေ ဆက်တိုက် ပစ်ခတ်ပြီး ဝင်မွှေတာ ပြည်သူ ၁၀ ယောက်ကျော်ကို ဖမ်းဆီးပြီး ရိုက်နှက်ပါတယ်။ ပြည်သူပိုင် ပြည်စ္စည်းတွေကိုလဲ ခိုးယူလုယက်ပါတယ်။ ညနေ ၄ ခွဲမှာပြည်သူတွေ ပြန်လွတ်ပေးတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် လက်ရှိ အချိန်တွင် အင်းမဆိုတဲ့ရွာကို ဝင်ရောက် မွှေနှောက်နေပြီး ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရကာ အင်းမ ကျေးရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article