ရန်ကုန်| မတ် ၂၈
ရှမ်းတောင်ပိုင်း ဖယ်ခုံမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ၄၂၂ အခြေစိုက်စခန်းအနီးက ကင်းပုန်းစခန်းကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့က တန်ပြန်ပြောက်ကျား တိုက်ခိုက်ခဲ့ပါတယ်။
မတ် ၂၆ရက်၊ ည ၉နာရီ မိနစ် ၂၀ ခန့်မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း ၃ နဲ့ တပ်ရင်း ၁၁ တို့ ပူးပေါင်းပြီး ပြောက်ကျားတိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။
တန်ပြန်ပြောက်ကျား တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ၅ဦး သေဆုံးခဲ့ပြီး KNDF ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
အင်တာနက်လိုင်း၊ ဖုန်းလိုင်းအခက်အခဲတွေကြောင့် အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်နိုင်ခြင်း မရှိတာကိုလည်း KNDF တပ်ရင်း ၃ ဖယ်ခုံဇုန်က အသိပေးပါတယ်။