25 C
Yangon

ကော့ကရိတ်-မြဝတီအာရှလမ်းတွင် ပရိုဘောက်ကားတစ်စီး ပစ်ခတ်ခံရပြီး လူ ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြ၀တီ အာရှလမ်းမကြီးတွင် ယနေ့ နံနက်ပိုင်း ပရိုဘောက်ကားတစ်စီး ပစ်ခတ်ခံရပြီး လူ ၁ ဦး ဦးခေါင်းထိမှန်‌ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“အဲဒီပရိုဘောက်ကား ဘယ်ကားမှ မသွားတဲ့အချိန် လမ်းပေါ်မှာ သူတစ်စီးတည်း သွားနေတာ။ ပရိုဘောက်မှာ လိုက်ပါတဲ့ လူတစ်ဦး ကျည်ထိသေပါတယ်။ အလောင်းကတော့ အခု ကော့ကရိတ် ဆေးရုံမှာပါ။ အခုအချိန်က KNU က သတိပေးချက်နဲ့ လမ်းအသုံးမပြုဖို့ ထုတ်ထားတဲ့အချိန်ပါ။ ပစ်တာကတော့ ဘယ်အဖွဲ့က ပစ်တာလဲတော့မသိဘူး။ လမ်းပေါ်ဘေးဘက်တွေမှာ တပ်ဘက်ကလည်း ကင်းပုန်းဝပ်တာတွေရှိနေတော့လေ” ဟု မြ၀တီဒေသခံတစ်ဦးက မှတ်ချက်ပြောဆိုသည်။

KNU က မတ်လ ၂၇ ရက်နေ့ မှစတင်ပြီး မြ၀တီ-ကော့ကရိတ်လမ်း၊ မြ၀တီ-ဝေါ်လေ လမ်းမကြီးကို ပြည်သူများ အသုံးပြုခြင်းမပြုရန်နှင့် ကြေညာချက် ထပ်မံ မထုတ်မပြန်မချင်း လိုက်နာကြရန် ပြည်သူများကို အသိပေးချက် တရားဝင် ထုတ်ပြန်ထားပြီးဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article